Kyungsooအိမ်ရှေ့ရောက်တော့ အိမ်တံခါးက ပွင့်ပြီးနေတာမို့ အထဲ အမြန်ပြေးဝင်လိုက်တော့
Jonginက ထိုင်ခုံမှာထိုင်ပြီး TVကြည့်နေတာကိုတွေ့ရတာမို့
အဲ့တော့မှ Kyungsooသက်ပြင်းချနိုင်တော့သည်"ဘယ်တွေသွားနေလို့ ဒီလောက်နောက်ကျ
မှပြန်လာရတာလဲ "Jonginအသံက Kyungsooကို စိတ်ဆိုးနေတဲ့ပုံပဲ....Kyungsooကို တစ်ချက်ကလေးတောင် လှည့်မကြည့်ပဲ ဖွင့်ထားတဲ့TVကိုသာ
အာရုံတစိုက်ရှိနေတယ်ဘာဖြစ်ဖြစ်ပါ Kyungsooဆီ Jonginပြန်
ရောက်နေတာပဲမဟုတ်လား..."ငါ clubမှာ မင်းကိုပြန်သွားရှာနေတာပါ
ဘာလို့ ဖုန်းမကိုင်ရတာလဲ ငါ..စိတ်ပူနေတာ"Kyungsooမေးတာကို
Jonginက TVကြည့်မပျက်က"မကိုင်ချင်လို့ မကိုင်တာ "
Kyungsoo ခေါင်းလေးခါကာ Jonginဆီ
လျှောက်သွားလိုက်ပြီး ထိုင်နေတဲ့Jonginရှေ့တည့်တည့်မှာ ထိုင်ချလိုက်ပြီး
ခေါင်းလေးငုံ့ထားမိရင်း"ငါ တောင်းပန်ပါတယ် ငါ..ငါ."
"ဟေးး...ငိုနေတာလား "
Jonginက Kyungsooမျက်နှာလေးကို
မော့ယူရင်း မျက်ရည်စတွေသီနေတဲ့ မျက်ဝန်းဝိုင်းတွေကို ငေးကြည့်နေတယ်ဒီဝိုင်းစက်နေတဲ့မျက်ဝန်းတွေက မျက်ရည်စတွေပြည့်လျှံနေပြီး မျက်ရည်စက်အချို့ စီးကျ
နေတာကို Jonginက ကြည့်နေမိတယ်Kyungsooက သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို လက်နဲ့သုတ်ဖယ်လိုက်တော့
Jonginမျက်မှောင်လေးတွေ ကျုံ့လိုက်မိရင်း"ဘာလို့သုတ်လိုက်တာလဲ လှတာကို "
"ဟမ်?"
Jonginကို မျက်လုံးလေးပြူးကာ
ပြန်ကြည့်နေတဲ့ ရှေ့က ကောင်လေးကို
ဘာမှပြောမနေတော့ဘဲ မျက်နှာလွှဲလိုက်
တော့ Jonginနှုတ်ခမ်းထောင့်စွန်းက
လက်တစ်စုံရဲ့အေးစက်တဲ့အထိအတွေ့ကို
ခံစားလိုက်ရတယ်

YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi