All of You

3.3K 445 26
                                    

Kyungsooက Jonginဘယ်​​တော့ပြန်
လာမလဲလို့ မ​မေးလိုက်​မိဘူး....

အချိန်​​တွေအကြာကြီးလွမ်းဆွတ်​​နေခဲ့ရတဲ့
Jonginအသံကို ကြားရချိန်​မှာ
ဘာကိုမှ Kyungsooမ​ပြောချင်​ဘူး
အတတ်​နိုင်​ဆုံး Jonginစကား​တွေကို
နား​ထောင်​​နေချင်​ခဲ့တာ....

Jonginစကားလုံး​တွေက Kyungsooကို နာကျင်​​စေ​ပေမယ့်
အဲ့စကားလုံး​တွေကို ​ပြောတဲ့သူJonginကို
သိပ်​ချစ်​တာမို့ ဒီထက်​ပိုပြီးလည်း
သည်းခံနိုင်​တယ်

Kyungsooပြုံးလိုက်​​တယ်​....
Jonginက Kyungsooကို ပစ်​မသွား​သေးဘူး ...ထားမသွား​သေးဘူး......

အဲ့အတွက်​ Jongin...က ဘယ်​ချိန်​ပြန်​လာလာ Kyungsooကြိုဆို​နေဖို့ပဲ.....

ဟုတ်​တယ်​ ​လွမ်းရလွန်းလို့ သိပ်​ကို
မျက်​နှာ​လေးမြင်​ချင်​​နေလည်း Jonginက
ပြန်​လာမယ်​ ​ပြောတာမို့ သည်းခံပြီး
စောင့်​ရမှာ....

//////////////////////////////////////////////////

နောက်​​နေ့ ​ကျောင်းဆင်း​တော့
Kyungsooတို့ ​​ကျောင်း ​ရှေ့မှာ
Insung Hyungက ​စောင့်​ကြို​နေပြီ

"Insung Hyung!!!!"

Baekhyunနဲ့Jongdaeက နှုတ်​ဆက်​တယ်​....

"က​လေး​တွေ အရင်​အတိုင်း မ​ပြောင်း
လဲ​သေးဘူးပဲ "လို့ Hyungက​ပြော​တော့

Baekhyunက
"Byun Baekhyunလူကြီးဖြစ်​​နေပါပြီ"
တဲ့​လေ....

Kyungsooတို့အကုန်​လုံး ရယ်​​မောလိုက်​တယ်

"အခု Kyungieနဲ့ dinnerသွားစားမလို့​လေ Baekhyunneနဲ့ Jongdae​ပါ လိုက်​ခဲ့ပါလား "

Hyungက ​ခေါ်​တော့ Jongdaeက
ငြင်းသည်

"ကျွန်​​တော်​တို့က လူကြီးဖြစ်​​နေပါပြီဆိုHyungရဲ့ dateတယ်​ဆိုတာ နှစ်​​ယောက်​တည်းမှ dateလို့​ခေါ်တာ​လေ
မလိုက်​​တော့ပါဘူး"

Jongdaeအ​ပြောကို Baekhyunက
ထောက်​ခံပြီး Hyungက ရယ်​သည်

Kyungsooက
Jongdaeကို Insung Hyung
မမြင်​​အောင်​ ဘုကြည့်​ပြီး ဆွဲဆိတ်​သည်

ဒီနှစ်​​ယောက်​ဟာ Hyungက Kyungsooကို ဖွင့်​​ပြောပြီးကတည်း
သ​ဘောတူတယ်​ဆိုတဲ့အ​ကြောင်း
Kyungsooထက်​အရင်​ ​ပြောပြီးကြသူ​တွေ...

All Of YouWhere stories live. Discover now