အခုအခြေအနေက အတော်လေးကို
စိတ်မသက်မသာဖြစ်စရာပဲJonginက နေ့လည်စာ စားပြီးကတည်းက ဘေးမှာ လက်ပိုက်ထားရင်း
Kyungsooကို ကြည့်နေတယ်
စကားပြောတာလည်းမဟုတ်ပဲ....စကားဆိုလို့လည်း
နှစ်ယောက်ကြား ဘာအကြောင်းအရာမှ
ပြောစရာ ဟူ၍မရှိနေ...Kyungsooအိမ်လေးက လူနှစ်ယောက်ရှိလျက်နဲ့ တိတ်ဆိတ်လို့နေသည်
ဒါပေမယ့် ဘေးမှာJonginရှိနေတဲ့အတွက်တော့ Kyungsooပျော်ရွှင်နေတာ အမှန်ပဲ
®Ring...Ring
ဝင်လာတဲ့ Kyungsooဖုန်းကြောင့် အလျင်အမြန်ကိုင်လိုက်တော့ Kyungsooညနေအချိန်ပိုင်းအလုပ်က ဖုန်းဆက်ခြင်း..
"....."
"Hello....Nae...Nae ညနေစောစော
လာခဲ့ပါ့မယ် ""နေပါဦး ဒါက ဘယ်သူ့သဘောနဲ့ စွတ်ပြီး ကတိတွေပေးနေရတာလဲ "
Kyungsooဖုန်းချပြီးတာနဲ့ ထွက်လာတဲ့Jonginဆီကအသံ ...
"ဟို.. ဆိုင်ကArjima ဒီနေ့တစ်ရက် orderတွေများလို့ စောစော လာကူညီပေးပါဆိုလို့ အဲ့တာ ငါ..."
"မသွားရဘူး!"
"ဟို...လေ"
"ကျစ်!Doh Kyungsooမင်းကို စိတ်တိုင်းကိုမကျဘူး! ငါနဲ့အပြင်သွားစရာရှိတယ်
ဒီညနေကို! "Jonginကပြောလာတော့ Kyungsooမျက်လုံးလေးဝိုင်းတဲ့အထိ အံ့သြသွားသလို
ပျော်လည်းပျော်သွားမိသည်
Jonginက Kyungsooကို
အပြင်ခေါ်သွားမယ်တဲ့လေ နှစ်ယောက်အတူ...ပေါ့"ဟို...date..dateလုပ်တာလား?"
Kyungsooမေးတော့ Jonginက ပြုံးလာရင်း
"အင်း....ပြောလို့ရပါတယ် "
Kyungsooပြုံးလိုက်မိရင်းက
စားပွဲခုံပေါ်မှာ
တင်ထားတဲ့ သော့တစ်စုံကို မြင်တော့
ထကာသွားယူလိုက်တယ်"ဘာလဲ ဒါက "
Jonginက Kyungsooကမ်းပေးတဲ့ သော့ကိုယူရင်း မေးလာတယ်
YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi