"Kim Jonginကို သိပ်..သိပ်ချစ်တယ်.......ကဲ ကျေနပ်ပြီလား "
Kyungsoo မုန့်တွေကို ပန်းကန်ထဲ လှယ်ထည့်နေရင်းက ဖြေလိုက်သည်
မနက်ခင်းသတင်းစာပို့ပြီး ပြန်လာတဲ့သူကို ချစ်လားလို့ လာမေးနေတဲ့ Kim Jonginကြောင့် Kyungsooအသံက စိတ်မရှည်ချင်...
"ပြန်မဖြေချင်တော့ဘူးလား...ဟင် Kyungsoo "
စီးကရက်ငွေ့တွေက Kyungsooအသက်ရှုလမ်းကြောင်းဆီသို့ အလုံးလိုက်အရင်းလိုက်ဝင်လာသည်
မနက်ခင်းစောစောစီးစီးကို စီးကရက်တွေသောက်နေပြန်ပါပြီ...
"အဟွက်!...ဟွက်!...အဟွက်!.."
"ဟက်..ဟက် "
ရယ်နေတဲ့Kim Jonginကို ကြည့်ပြီး
ချောင်းဆိုးနေရင်းက
Kyungsoo ပြုံးလိုက်မိသေးတယ်Kim Jonginက စီးကရက်ငွေ့တွေကို
နောက်တစ်ကြိမ် Kyungsooမျက်နှာဆီ
မှုတ်ထုတ်တယ်"စီးကရက်တွေ သိပ်သောက်တာ မကောင်းဘူးJonginရဲ့"
"မကောင်းဘူး.."
Jonginက Kyungsooနောက်က အသံခပ်တိုးတိုးနဲ့ လိုက်ပြောတယ်
"အင်း..မကောင်းဘူး...စီးကရက်တွေက
အဆိပ်တွေ "Jonginက ဟုတ်လား ဆိုတဲ့ ပုံမျိုးနဲ့ ပြုံးကာ စီးကရက်ကို နောက်တစ်ကြိမ်ဖွာ လိုက်တယ်
"အဆိပ်ဆိုတော့ ဘာဖြစ်သေးလဲ Kyungsoo "
"အဆိပ်ဆိုတာ သေဆေးလေJongin
သေတယ်ဆိုရင် ခွဲရမှာ ကိုယ်ချစ်တဲ့သူတွေနဲ့ခွဲရမှာပေါ့ ""ချစ်တဲ့သူ နဲ့ ခွဲရမှာလား....
ငါက ဘယ်သူ့ကိုမှ မချစ်ပဲ ...
ဘာခွဲစရာလိုလဲ.... "Kim Jonginအသံက ခပ်ပေါ့ပေါ့နဲ့
ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့လား
ငါ့ကိုရော......
မဟုတ်ရင်...
Liliဆိုတဲ့ကောင်မလေးကိုရော.....
Kyungsooမေးလိုက်ချင်ပေမယ့်
စကားသံတွေက ထွက်မလာမိ....
YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi