"Kyungie!"
Kyungsooအိမ်ရောက်တော့ တံခါးအပြင်ဘက်မှာ Baekhyunနဲ့Jongdaeက
ထိုက်လျက်သားတွေ...Kyungsooကို လှမ်းတွေ့လိုက်တဲ့ Baekhyunက အော်ခေါ်တယ်
"ဘယ်တွေသွားနေတာလဲ Kyungsoo..
ကျောင်းလည်း လာမတတ်ဘူး ငါတို့မင်းအချိန်ပိုင်းလုပ်တဲ့ဆိုင်တွေ လိုက်ရှာတော့ အလုပ်မှာလည်း မရှိဘူး "Jongdaeမေးလာတဲ့ မေးခွန်းရယ်...
Kyungsoo ဘာပြန်ဖြေရမှန်းမသိ
"လာ...လာ..အိမ်ထဲအရင်ဝင်ကြမယ်
ငါတို့ ဒီအပြင်မှာ မင်းကိုစောင့်နေတာ
တော်တော်တောင်ကြာနေပြီ "Baekhyunကပြောတာနဲ့
Kyungsooအမြန် တံခါးပြေးဖွင့်လိုက်တယ်
Jongdaeမေးခွန်းတွေကို ရှောင်လွှဲနိုင်သမျှ..."ဘာစားမလဲ ငါ တစ်ခုခုပြင်ပေးမယ်လေ "
Kyungsooပြောတော့
"ရတယ် ငါတို့စားပြီးပြီ ဒီမှာလာထိုင်ဦး
ခုဏ Jongdaeမေးတာတွေ တစ်ခုမကျန် သေချာဖြေ Kyungsoo "Baekhyunကပါ ပြောလာတော့ Kyungsoo ထိုင်ချလိုက်ရင်း
"ဒီအတိုင်း စိတ်တွေမွန်းကျပ်နေတာနဲ့
တစ်ရက်တစ်လေ ကျောင်းပြေးကြည့်တာပါ"Kyungsooက ပြုံးရင်း လိမ်ညာနေတာကို
Baekhyunနဲ့Jongdaeက ယုံတဲ့ပုံမပေါ်ပေမယ့် ဆက်မမေးလာတော့ပြီးတော့
Kyungsooလက်တစ်ဖက်ကို အုပ်မိုးကာ
ဆုပ်ထွေးလာတဲ့ လက်သွယ်သွယ်တွေ..
"ငါတို့က သူငယ်ချင်းတွေလေKyungsoo
တကယ်လို့ မင်းမှာ ကိစ္စတစ်ခုခုရှိနေရင်
ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြလို့ရတယ်"နွေးထွေးတဲ့Baekhyunအပြုံးတွေကို မြင်တော့ Kyungsooရင်ထဲ နာကျင်လို့လာတယ်
တကယ်လို့ ငါသာ Kim Jonginရဲ့
လူသိမခံတဲ့ ရည်းစားတစ်ယောက်ဖြစ်ခဲ့တာဆိုရင်ရော ....?နောက်မိန်းမထားပြီး သစ္စာဖောက်သွားတဲ့
အဖေဖြစ်သူကို မုန်းတီးရုံသာမက
ဒီလိုပတ်သတ်မှုတွေကို သိပ်စက်ဆုပ်တဲ့မင်းက ငါ့ကို နားလည်ပေးနိုင်ပါဦးမလား
Baekhyunnie....ဟင်...
YOU ARE READING
All Of You
Fanficငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi