"Jonginက ကျောင်းကို စက်ဘီးနဲ့သွားမလို့လား"
Kyungsooက မနက်စာ စားနေရင်း
မေးကြည့်လိုက်သည်Jonginက ခေါင်းငြိမ့်ရင်း
"အင်း ဒါပေမယ့် ကိုယ်က အချစ် နောက်က
ထိုင်လိုက်မှာ "Jonginစကားကြောင့် လည်ပင်းဝမှာ
ထမင်းတွေတောင်နင်ချင်ချင်ပဲ"Jonginကို ငါက တင်နင်းရမှာ?"
Kyungsooနားကြားမှားသည်လားလို့
သေချာအောင် ပြန်မေးကြည့်တော့
Jonginက ထမင်းကြော်ပူပူကို
အစားမပျက် ခေါင်းငြိမ့်ပြသည်Jonginကိုယ်ကို Kyungsooမှာ
မနည်းတင်နင်းရတာ မဟုတ်လား
အားကုန်စိုက်နင်းရသည်မို့
Kyungsooအတွက် မလွယ်ကူလှပါဟိုးအရင်က ပထမဆုံးJonginကို
တင်နင်းတုန်းကတောင် မနည်းနင်းပြေးခဲ့ရတာ"ဟားဟား "
Jonginက Kyungsooမျက်နှာလေးရှုံ့မဲ့လို့နေတာကြည့်ပြီး သဘောကျနေပြန်သည်
"ကိုယ်ဒီလောက်မရက်စက်ပါဘူးအချစ်ရယ်
အချစ်စက်ဘီးလေးက ကိုယ်ပါတတ်ထိုင်ရင်
ပျက်တော့မဲ့ကိန်းကို မြင်တာမို့
စက်ဘီးအသစ်တစ်စီး လာပို့ခိုင်းထားတာလေ ပြီးတော့ စက်ဘီးက နောက်ဆုံးပေါ် modelအသစ်ဖြစ်လို့ အရမ်းကြီးအားစိုက်
နင်းစရာလည်းမလိုပဲ အများကြီး မြန်တယ်"Jonginက မျက်စိတစ်ဖက်မှိတ်ပြကာ ပြောရင်း နောက်ဆုံးသူ့ပန်းကန်ထဲက ကျန်တဲ့
ထမင်းကြော်အကုန်လုံးကို
စားပစ်လိုက်တယ်"ကော်ဖီရော မသောက်ဘူးလား"
Kyungsooက ဘေးနားချပေးထားတဲ့
ကော်ဖီခွက်ကို Jongin
မသောက်တာတွေ့တော့ မေးလိုက်တယ်"အင်း ကိုယ်က ကော်ဖီ မကြိုက်ဘူး "
"သောက်ကြည့်ပါJonginရဲ့
ဒါကလေ Jongdaeက လက်ဆောင်ပေးထားတာ သူ့အဖိုးတို့က ကော်ဖီခြံစိုက်တာလေ ကိုယ်တိုင်ကျိတ်တာမို့
အရသာသိပ်ကောင်းတာ "
YOU ARE READING
All Of You
Fiksi Penggemarငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi