မြစ်ကမ်းစပ်လေးဘေး မြက်ခင်းပေါ်က
လဲလျောင်းနေတဲ့ အရိပ်ဖျဖျလေးကို
မြင်လိုက်ရတော့မှ သက်ပြင်းချနိုင်
တော့တယ်ဖုန်းတွေဆက်တိုက်ဆက်နေပြီး
နေ့လည်ရောက်မှ ဝင်လာတဲ့ ph callက
သူဟာ ဘူဆန်ဘက်က မြစ်ဘေးမှာပါဆိုတဲ့
အကြောင်းသိရတာနဲ့ ချက်ခြင်းကျောင်းထဲက
ထွက်လာခဲ့တာရှည်လျားတဲ့ မြစ်ကမ်းတစ်လျှောက်မှာ
သူ့ကို မတွေ့မှာစိုးလို့ ကားပေါ်ကဆင်းကာ
မရပ်မနားပြေးရှာနေခဲ့ရတဲ့ခြေအစုံဟာ
စိတ်လျှော့သွားပြီး
ခပ်ဖြည်းဖြည်းလမ်းလျှောက်နေတော့မှ
တစ်ဆစ်ဆစ်ကိုက်ခဲလို့လာသည်တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့
သူကတော့ အေးအေးလူလူနိုင်နေလိုက်တာ
မြတ်ခင်းပေါ်အိပ်များပျော်နေလေသလားအနားရောက်တော့ ခြေသံကို ခပ်ဖွဖွလေး
နင်းရင်း ဘေးနား ဝင်ထိုင်လိုက်သည်တကယ်တော့ ကောင်လေးဟာ
အိပ်မနေခဲ့သေးပါမှိတ်ထားတဲ့
မျက်ခမ်းစပ်တွေက စိုစွတ်စွာနီမြန်းလို့နေတာ
မို့ Jonginအကြည့်လွှဲကာ ရှေ့က မြစ်ရေကို
အကြောင်းမဲ့ ငေးကြည့်နေလိုက်သည်ဒီလောက်ကြာတဲ့အထိ ငိုနေတုန်းလား?
မင်းသူငယ်ချင်းတွေကို ဆုံးရှုံးရလို့ ဒီလောက်တောင် နာကျင်နေတာလား?
ကိုယ့်ကို ရွေးချယ်ခဲ့မိလို့ နောင်တတွေများ
ရနေပြီလား?ကိုယ့်ကို ဆက်မချစ်တော့ဖို့များ
တွေးမိလိုက်လား?Jonginဟာ အတွေးမျိုးစုံနဲ့
ငြိမ်လို့နေသည်"Jonginဘာလို့လိုက်လာတာလဲ "
ဘေးနားက အသံထွက်လာတော့
Jonginဟာ Kyungsooကို
ပြန်ကြည့်လာသည်နောက်Kyungsooဘေးကို လှဲလိုက်ရင်း
"ကျောင်းကိုသွားနှင့်ပါလို့ပြောလိုက်တဲ့ဟာကို စကားနားမထောင်ဘဲ ကျောင်းပြေးတဲ့
ကိုယ့်ရည်းစားကို လာဖမ်းတာပေါ့ "

YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi