Alll of You

3.5K 361 16
                                        

"လာ..Kyungsoo "

Jonginက Kyungsooလက်​ကို ဆွဲရင်း
သူ့အိမ်​ထဲ​ခေါ်တယ်

"ရပါတယ်​ ငါ အိမ်​ပဲ ပြန်​..."

"ကျစ်​! "

မျက်​​မှောင်​​တွေကုတ်​ရင်း အလိုမကျဖြစ်​လာတဲ့ Jonginပုံစံ​ကြောင့်​ Kyungsooပြာပြာသလဲ ပြန်​​ပြောရတယ်

"arrnii ဝင်​မယ်​ "

အဲ့​တော့မှ Jonginက ​​ရှေ့က ​နေ ​လျှောက်​ကာ ဝင်​သွားတာမို့ Kyungsoo
Jonginအ​နောက်​က ခပ်​သွက်​သွက်​ ဝင်​လိုက်​လာခဲ့တယ်

အပြင်​ပန်းက​နေ​တောင်​ ကြီးမားလှတဲ့
တံခါးကြီး​နောက်​မှာ ထည်​ဝါလွန်းလှတဲ့
အိမ်​ကြီးက Kyungsooကို ​စောင့်​ကြိုလို့​နေတယ်

Jonginက တကယ်​ ချမ်းသာတာပဲ....

Kyungsooရဲ့အိမ်​ကျဉ်းကျဉ်း​လေးကို
မြင်​​ယောင်​မိ​တော့ မျက်​ရည်​တို့ ဝဲလာရတယ်

Jonginက Kyungsooနဲ့မှ ထိုက်​တန်​ပါရဲ့လား..လို့

ဟင့်​အင်း..ဒီ​လောက်​ထိ အရာရာပြည့်​စုံ​နေတဲ့
Jonginက Kyungsooနဲ့ တွဲဖို့ လက်​ခံလိုက်​တာ ခဏတာ အပျင်း​ပြေ​စေဖို့
LiLiကို ​မေ့​ဖျောက်​ဖို့ဆိုတာ Kyungsoo
အစကတည်းက သိ​နေပြီးသားပဲ​နော်

ဒါ​ပေမယ့်​လည်း Kyungsooက​တော့
Jonginကို အရာအားလုံးနဲ့လဲပစ်​ရက်​သည်​အထိ ချစ်​မိခဲ့ပြီမို့ Jonginက ခဏတာအပန်း​ဖြေဖို့ဆိုလည်း ​ကျေနပ်​စွာ အသုံး​တော်​ခံမှာပါ

"Jongin...!မင်း မိန်းမ​တွေနဲ့ အားမရ​တော့လို့ အခု ​​​ယောကျာ်း​လေး​တွေပါ
အိမ်​​ခေါ်​နေပြီလား! "

ရုတ်​တရက်​ ထွက်​လာတဲ့အသံ​ကြောင့်
Kyungsooကိုယ်​​လေး လန့်​ကာတုန်​သွားမိတယ်

ကြည့်​လိုက်​​တော့ ဦး​လေးကြီးတစ်​​ယောက်
လက်​ထဲမှာလည်း ဝိုင်​ခွက်​နဲ့..
အနားကို ​လျှောက်​လာ​တော့မှ Jonginရဲ့အ​ဖေမှန်း Kyungsooသိလိုက်​ရတယ်

ဒီဦး​လေးကို TVမှာ ​အောင်​မြင်​တဲ့စီးပွား​ရေးလုပ်​ငန်းရှင်​တစ်​​ယောက်​အဖြစ်​ Kyungsooမြင်​ဖူး​နေပြီးသား

Jonginက​တော့ ​အေးစက်​စက်​နဲ့ Kyungsooကို တစ်​ချက်​လှည့်​ကြည့်​ကာ
နှုတ်​ခမ်းတွန့်​ရုံပြုံးရင်း

All Of YouWhere stories live. Discover now