All of You

3.2K 413 54
                                    

"အာာ..."

ပုခုံးစပ်​က ထုံကာကျင်​​နေတာမို့
ညည်းလိုက်​မိရင်း လက်​နဲ့ အသာ ဖိနှိပ်​​ပေး
နေမိသည်

အထိုင်​ကြာ​နေတဲ့ ​ခြေ​ထောက်​ကိုလည်း
တဖြည်းဖြည်း​ရွေ့​ပေး​နေရင်း လှုပ်​ရှား​​ပေး
ရ​သေးသည်

ညက Jonginကို ​စောင့်​ရင်း ထိုင်​လျက်​သား
အတိုင်း အိပ်​​ပျော်​သွားတာမို့ Kyungsooတစ်​ကိုယ်​လုံး ကိုက်​ခဲ​နေသည်

ဖုန်းကို ဖွင့်​ကြည့်​​တော့ ဘာအဝင်​ဖုန်းမှ မရှိထား.....

Kyungsooကပဲ ထပ်​တစ်​ခါ Jonginဖုန်းနံပတ်​ကို နှိပ်​လိုက်​သည်

"တီ......တီ......တီ......"

အချိန်​အတိုင်းအတာတစ်​ခုကြာတဲ့အထိ
ဖုန်းမကိုင်​တာမို့ ကျသွား​လေပြန်​ပြီ

Kyungsooက သက်​ပြင်း​လေးချရင်း
မနက်​ပိုင်း သတင်းစာလိုက်​ပို့ပြီး
ကျောင်းသွားဖို့ပါ တစ်​ခါတည်းပြင်​ဖို့
ထလိုက်​​တော့တယ်

Jonginမရှိတဲ့ Kyungsooရဲ့ သာမာန်​​နေ့ရက်​​တွေအတိုင်းလို​ပေါ့

///////////////////////////////////////////////////

"တီး​တောင်​ !"

Kyungsooက လက်​ကို
အကြိမ်​ကြိမ်​အခါခါ bell​ပေါ် တင်​လိုက်​ ချလိုက်​နဲ့ လုပ်​ ပြီးတဲ့​နောက်​မှာ တစ်​ချက်​အားယူကာ ရှိုက်​ပစ်​လိုက်​ရင်း bellကို
ဖိနှိပ်​လိုက်​​တော့တယ်

"ဘယ်​သူနဲ့​တွေ့ချင်​လို့ပါလဲ "

ခြံ​စောင့်​ဦး​လေးကြီးက ထွက်​လာပြီး 
မေးသည်​ ။

"Jongin....Kim Jongin...ရှိ..လား..ဟင်​"

ဦး​လေးကြီးက Kyungsooကို အကဲခတ်​ကြည့်​ပြီး
"မရှိဘူး"ဆိုကာ ချက်​ချင်း ပြန်​ဝင်​သွား​တော့
Kyungsooမှာ ဘာမှ​ပြောချိန်​မရလိုက်​...

Jongin....

လို့ စိတ်​ထဲ တိုးတိုး​လေး သူ့နာမည်​ကို
Kyungsooရွတ်​​နေမိသည်

Jonginက ထပ်​တစ်​ခါ Kyungsooကို
အ​ကြောင်းမကြားပဲ ​ပျောက်​သွားပြန်​ပြီ

၈ရက်​....​တောင်​ကြာပြီ.....

Kyungsooရဲ့အကြိမ်​​ပေါင်းမ​ရေနိုင်​​တော့တဲ့ph call​တွေဟာ ကိုင်​သူမရှိ....သလို...
ပြန်​လည်း ဆက်​မလာခဲ့တာ...

All Of YouWhere stories live. Discover now