"ဘာမှ မရှိဘူးပဲ ကိုယ် တစ်ခုခုသွားဝယ်ပေး
မယ် ဘာစားချင်လဲ .."Jonginက Kyungsooအိမ်က
ရေခဲသေတ္တာထဲလှန်လှောရှာကြည့်ရင်း
ပြောလာသည်"ရပါတယ် အဆင်ပြေတာ တစ်ခုခုပေါ့ "
"Ok "
Jonginက ပြောပြီး အပြင်ထွက်သွားတော့သည်။
အိမ်အထိ ကျောပိုးပေးပြီး Kyungsoo
အတွက် အစစအကုန်
လိုက်လုပ်ပေးနေပေမယ့်
Jonginက Kyungsooကို
မျက်လုံးချင်းစုံအောင်ပင်
မကြည့်သေးပါ။
စကားလည်း ပြောခွင့်မပေး။မနက်ကတည်းက Jonginကို မခေါ်မိလို့
များ စိတ်ဆိုးနေတာလား?
Jonginမကြိုက်သည်များ ဘာတွေလုပ်ခဲ့
မိသေးလဲလို့ Kyungsoo
ပြန်စဉ်းစားနေမိသည်ဒါပေမယ့် အိပ်ယာခင်းတွေကို သေချာလေး
ခင်းပေးပြီး Kyungsooကို လှဲနေလို့
အမိန့်ပေးလာတဲ့Jonginကြောင့်
စိတ်ထဲ ကြည်နူးမိပြန်သည်
Jonginက Kyungsooကို
ဂရုစိုက်ပါတယ်45မိနစ်.. ......
Jonginအပြင်ထွက်ပြီး စားဖို့ဝယ်တာ
သိပ်ကြာလိုက်တာ....Kyungsooစိတ်တွေ ပူလာမိပြန်သည်
ထပ်ပြီး ထပ်ပြီး Kyungsooကို ထားသွားပြန်တာမဟုတ်ဘူးလား
Kyungsooဖုန်းယူကာ ဆက်ကြည့်တော့
စားပွဲခုံပေါ်မှာ တစ်ပြိုင်နက် မြည်လာတဲ့
Jonginရဲ့ဖုန်း .....ဖုန်းက ကျန်ခဲ့တာပဲ
"အ...!"
ခါးက အနည်းငယ်နာနေသေးပေမယ့်
Kyungsooကြိုးစားကာ ထလိုက်ရင်း
ထော့နဲ့နဲ့ နဲ့
အိမ်အပြင်ကို ထွက်လာခဲ့လိုက်သည်ညနေတောင်အတော်စောင်းနေပြီမို့
လေထုက အေးစိမ့်လို့နေပြီ
Kyungsooက လက်နှစ်ဖက်ကို
စုကာ အာငွေ့လေးပေးရင်း
လမ်းမထက် ဟိုဟိုဒီဒီ Jongin
ကို ရှာလို့နေသည်လက်ထဲမှာ အထုပ်တွေအပြည့်နဲ့ ပြန်လာတဲ့
Jonginကို တွေ့တော့ Kyungsoo
စိတ်အေးသွားကာ ပြုံးလိုက်မိသည်
YOU ARE READING
All Of You
Fanfictionငါ့ဆီက အချစ်ဆိုတာမျှော်လင့်မနေပဲ ငါ အပန်းဖြေဖို့ရာ နားခိုဆောင်လေးတစ်ခုပဲ ဖြစ်ပေးပါ Kyungsoo shi