သစ်ကြားသီး သုံးလုံးလား၊ လေးလုံးလား

5.3K 332 16
                                    


ဆွန်ပြည်နယ်မှာ မျောက်ဆရာကြီးတစ်ယောက် နေထိုင်ပါသတဲ့။ မျောက်ဆရာဆိုတာက မျောက်တွေကို လိမ္မာယဉ်ကျေးအောင် လေ့ကျင့်ပေးပြီး ပြစားတာပေါ့ကွယ်။ မျောက်တွေကို သူသဘောကျသလို မျောက်တွေကလည်း သူ့ကို ချစ်ခင်သတဲ့ကွယ်။

မျောက်တွေကို သိပ်ချစ်တဲ့ မျောက်ဆရာဟာ မိသားစုအတွက် ထားတဲ့ စားနပ်ရိက္ခာတွေကို မျောင်တွေကို ခွဲဝေကျွေးပါသတဲ့။ တစ်နေ့မှာတော့ မျောက်ဆရာကြီးရဲ့အိမ်မှာ စားနပ်ရိက္ခာ သိပ်မကျန်တော့ဘူးတဲ့ကွယ်။

ဒါကြောင့် မျောက်တွေကို အရင်လို အစားအစာ ပေါပေါများများ မကျွေးနိုင်ကြောင်း အသိပေးရမှာကို စိတ်မကောင်း ဖြစ်နေပါတယ်။ အစားအစာ မလုံလောင်တော့ မဖြတ်လို့လည်း မဖြစ်ဘူးလေ။ သူဖြတ်တာကို မျောက်တွေ သဘောမကျမှာစိုးလို့ မျောက်ဆရာက မျောက်တွေကို လှည့်ဖျားဖို့ လုပ်ပါသတဲ့။

မျောက်ဆရာ။   ။ မင်းတို့အတွက် သစ်ကြားသီး သုံးလုံးပေးမယ်… အဲ့ဒါက မနက်အတွက်… ညနေကို လေးလုံးပေးမယ်… အဲဒါ လောက်ရဲ့လား…

မျောက်များ။   ။ ဒေါသထွက်ကာ ကွိကွိကွကွလုပ်ကြ

မျောက်ဆရာ။   ။ ဒါဆိုရင် မနက်ကို သစ်ကြားသီး သုံးလုံးယူပြီး… ညနေကို သစ်ကြားသီး လေးလုံးယူကြ…

မျောက်များ။   ။ ကျေနပ်ဟန်ဖြင့် ငြိမ်သွားကြ

(ရေးသားသူ)
လိုင်ဇု

Ancient Chinese FablesWhere stories live. Discover now