အရာအားလုံးဟာ သူ့ရဲ့ အထက်တန်းကျောင်းကသူငယ်ချင်းတွေနဲ့ ကမ်းခြေကညတစ်ညမှာ အစပြုခဲ့သည်။ သဲပုံထဲမှာ မြှုပ်ထားတဲ့ Gear တစ်ခုကို တွေ့ပြီး ဆွဲထုတ်လိုက်သည်။ အဲ့ဒီ Gear ကိုတွေ့တဲ့အချိန်က Kongpob က ကမ်းခြေမှာ လမ်းလျှောက်နေခဲ့၏။ သူ့သူငယ်ချင်းတွေ မီးပုံလုပ်ပြီး ကခုန်နေတဲ့အချိန်မှာ ခဏလောက် တစ်ယောက်ထဲ နေချင်လို့ ထွက်လာခဲ့တာ။ ဒီညက သူတို့ခရီးရဲ့နောက်ဆုံးညပင်ဖြစ်သည်။
Kong က နောက်တစ်ပတ်တွင် တက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာသင်တန်းတက်ေ၇ာက်ရတော့မှာဖြစ်သည်။ သူ့ဘ၀ရဲ့ နောက်ထပ်စာမျက်နှာတွေမှာ ဘာတွေကြုံတွေ့လာနိုင်မလဲဆိုပြီး စိတ်လှုပ်ရှားလျက်ရှိသည်။
သူ ကောက်ရခဲ့တဲ့ Gear လေးက လက်ပတ်ကြိုးလေးနဲ့တွဲထားတဲ့ ကြေးနီရောင်လေးဖြစ်သည်။ ရှားပါးပုံစံလေးမို့ သိမ်းထားဖို့ ဆုံးဖြတ်လိုက်၏။ Kong က သူလုပ်လိုက်တဲ့ အပြုအမူအတွက် ပါဝင်ပတ်သက်ပုံကို မသိပါဘူး။ ပြီးတော့ Gear တွေဟာ ယေဘုယျအားဖြင့် ဘယ်လို အဓိပ္ပာယ်ဆောင်သလဲ ဆိုတာလည်း သူမသိပါဘူး။
သူ့သူငယ်ချင်းတွေရဲ့ ခေါ်သံကြားလို့ Kong က သူငယ်ချင်းတွေဆီပြန်သွားလိုက်သည်။ ဒါပေမယ့် ခုနက သူ Gear တွေ့ခဲ့ သည့်နေရာမှာ လူတစ်ယောက်က သူ့နောက်ကျောကို အံ့သြမှုတွေ ကြောက်ရွံ့လေးစားမှုတွေနဲ့ ကြည့်နေတာကို သူ သတိမထားမိခဲ့ပေ။#With
Just a dreamer
BẠN ĐANG ĐỌC
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u