ကမ်းခြေသို့သွားသည့် ခရီးက အနည်းငယ်တော့ ပရမ်းပတာနိုင်လှသည်။ bus တစ်ခုလုံးက ပြည့်နေသည်မို့ Arthit အတွက်ထိုင်စရာနေစ၇ာကမရှိ.။ Kong ၏ စီနီယာလေးသည် ၀ိညာဉ်ဖြစ်နေသော်ငြား မျက်နှာပြင်ပေါ်တွင်ထိုင်နိုင်သည်မို့ နှစ်နာရီနီးပါး မတ်တပ်ရပ်နေရမည်ကို မလိုလား.။ ထို့ကြောင့် သူသည် နေရာနည်းနည်းပိုကျယ်သော အနောက်ဘက်တွင် ထိုင်ရန်ဆုံးဖြတ်လိုက်သည်။ Aim က သူ့ဘယ်ဘက်မှာထိုင်ပြီး Tew က သူ့ညာဘက်တွင်ထိုင်လေ၏။ Kong သည် ဒူးခေါင်းကို ကျယ်ကျယ်လေးထားပေးလိုက်ကာ အောက်က အထစ်ကလေးတစ်ဆင့်မှာ Arthit ထိုင်လို့ရအောင်လုပ်ပေးလိုက်သည်။ Arthit က ၀င်ထိုင်ပြီး သူ့ခေါင်းကို Kong ဒူးပေါ်တွင် ပျင်းရိပျင်းတွဲမှီထားလိုက်တာကိုတွေ့တော့ မပြုံးဘဲ မနေနိုင်။ Aim က သူ့ကိုဘာလဲ ဆိုပြီးကြည့်တာကို Kong လျစ်လျူရှုထားလိုက်ရော.။
ထိတွေ့မှု က ခါတိုင်းလိုပဲ အေးစက်နေသည်သာပဲ.။သို့သော် ဒီတစ်ကြိမ်ကတော့ ခြားနားစွာပဲ Arthit ၏ ခေါင်းက Kong ၏ ဒူးပေါ်တွင် တင်လို့ရနေသည်မှာ အဘယ်ကြောင့်မှန်းတော့မသိ.။ စီနီယာလေးက လည်း အနှောင့်အယှက်မရှိ အိပ်မောကျနေသည်လေ။
ကမ်းခြေရောက်တော့ နေ့ခင်းရှိနေပြီမို့ သူတို့အားလုံး နေ့လည်စာအရင်စားလိုက်ကြသည်။ နေ့လည်ခင်းပိုင်းတွင်တော့ စီနီယာတွေက သူတို့အတွက် ကစားနည်းတွေပြင်ဆင်ပေးပြီး ညနေရောက်ရင် gear ceremony ကျင်းပမည်ဟု အသိပေးထားသည်။
စားသောက်ပြီးတော့ ခဏအနားယူရန် Kong နှင့် သူငယ်ချင်းတွေသည် သက်ဆိုင်ရာအခန်းထဲသို့ သွားကြသည်။ Kong က Aim . Tew..Oak တို့နှင့်တစ်ခန်း.။ Arthit ကတော့ Kong ဘက်က အိပ်ရာပေါ်မှာ ထိုင်ကာ ပြတင်းပေါက်ကနေ ပင်လယ်ကို ငေးနေ၏။ Arthit သည် ကမ်းခြေတွင်ရှိနေရုံနှင့် မလိုချင်သော အတိတ်ထဲတွင် ပိတ်မိနေရသည်ကို Kong အစကတော့ သတိမထားမိ.။ ပြီးမှ သူ ဖုန်းကို ထုတ်ကာ အပြင်ထွက်လာခဲ့သည်။ Arthit က ဘာမှမပြောဘဲနောက်ကလိုက်လာသည်။
“အဆင်ပြေရဲ့လား P’..??”
“အင်း..”
Arthit က ဘာမှမဖြစ်သလိုတော့ ပြုံးပြလာသည်။
“ကမ်းခြေက ကောင်းပါတယ်. ငါ အသားညိုလာမှာကိုမကြိုက်ပေမယ့် ကမ်းခြေက ကောင်းတယ်.”
ESTÁS LEYENDO
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanficသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u