5 -တံတားလေး

2.2K 202 2
                                    

“တကယ်လို့ P’ သာ အသက်ရှင်နေရင် ကျွန်တော်တို့ခုလိုသူငယ်ချင်းဖြစ်မယ်ထင်လား”

Kong ကမေးမြန်းလိုက်သည်။သူတို့နှစ်ယောက်က ခုဆို Rama bridge မှာပါ။ လက်ရန်းတွေအောက်ကရေပြင်ကိုကြည့်နေပြီး မြို့၏အလင်းရောင်က ရေပြင်ပေါ်ဖြာကျနေလေသည်။ Arthit က ခေါက်ဆွဲတွေရဲ့ အနံ့ကိုလွမ်းတယ်ဆိုလို့ လမ်းတစ်လျှောက်က ဆိုင်တစ်ခုမှာပဲ Kong ညစာဝင်စားခဲ့လိုက်သည်။ သူတို့အတွက် ခုက သိပ်ကိုပြည့်စုံသော အခြေအနေ လေးပါ။ တစ်ယောက်တည်းစကားပြောနေလို့လည်း Kong ကို အရူးလို့ထင်မည် သူမရှိ နှောင့်ယှက်မည့်သူမရှိ။

“အင်း…”

Arthit က စဉ်းစားနေသည်။ သူ့ဘေးက အလင်းရောင်လေးက ညစောစောမှာ တောက်ပနေသော ကြယ်လေးလိုမျိုး ပိုပြီး ထင်ရှားနေသည်။ တကယ်လှတာကို Kong အသိအမှတ်ပြုရသည်။

“မင်း ငါ့ကိုကြည့်ပေးပါပြောရင်တောင် ငါက မင်းကိုနှစ်ခါကြည့်မှာမဟုတ်ဘူး”

“OH,..”

Kong မျက်မှောင်ကြုံ့သွားရသည်။

“တကယ်က ငါက ရှက်တတ်တဲ့လူပါ။မသိတဲ့သူတွေနဲ့ စကားမပြောဘူး။ ငါ--ငါက မျက်နှာထားဆိုးတယ်တယ်လို့ သူငယ်ချင်းတွေကပြောတယ်။ ငါ ခပ်စိမ်းစိမ်းပဲကြည့်ပေးတတ်တယ်။ ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်၇ှိရင်တောင် ဘယ်သူ့ကိုမှ မချဉ်းကပ်ဘူး။တကယ်လို့ငါ ချဉ်းကပ်ခံရရင်တောင် ငါ မကူညီပေးတတ်ဘူး။ ဒါပေမယ့် ခြိမ်းခြောက်ပြီး--ငါ--”

“P’Arthit!!”

သူ့ရဲ့စီနီယာလေးက မတုန်မလှုပ်ပုံစံလေးထပ်ဖြစ်လာပြန်သည်။  သူတို့ ဒီိလိုမျိုးစကားပြောသည့်အခါတိုင်း Arthit က ငေးမောအိပ်စက်နေသလိုပုံစံလေး စဖြစ်လာပြီး ရိုးရှင်းသော မှတ်ဥာဏ်လေးတွေကို စမှတ်မိဖို့ ကြိုးစားလာသည်။ ဒီလိုဖြစ်လာတိုင်း Kong က အမြဲပဲ ရပ်တန့်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော်  Arthit မမှတ်မိနိုင်သည့်အခါ မထင်ထား တာတွေ ဖြစ်လာမှာကို Kong ကြောက်၏။

“Oh..”

Arthit မျက်တောင်တဖျတ်ဖျတ်နဲ့ Kong ကိုပြုံးကြည့်ပြီးပြောသည်။

ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)Where stories live. Discover now