တက္ကသိုလ်သို့အပြန်လမ်းကလည်း တိတ်ဆိတ်မှုတို့ဖုံးလွှမ်းနေသည်။ Kong သည်လာတုန်းကအတိုင်းနောက်မှထိုင်ပြီး Arthit က သူရှေ့က အထစ်ကလေးမှာထိုင်သည်။ Arthit ၏ လက်ကိုကြည့်မိလေသည့်အခါတိုင်း Kong ရင်ထဲ စူးနင့်နေအောင် နာကျင်ရလေသည်။ ယခု Arthit ၏ လက်ရှိအခြေအနေအတွက် သူ့တွင်တာဝန်၇ှိသည်ဟုထင်မိသည်။ သူတို့တွေးထားသည်က အောင်မြင်မည်လားတော့ သေချာပေါက်မပြောနိုင်ပေမယ့် တခြားလုပ်စရာလည်း မတွေးမိပေ။ Arthit တစ်ယောက် ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်နေသည်ကို ဘာမှလုပ်မပေးနိုင်ဘဲ ကြည့်နေရသည်မှာ မျှော်လင့်ချက်မဲ့လှ၏။
ကားပေါ်ကနေ အထုတ်တွေချပြီးလေတော့ Kong သူငယ်ချင်းတွေကို နှုတ်ဆက်လိုက်သည်။ Aim က သူ့ကိုစိုးရိမ်သည့်မျက်လုံး တွေနှင့်ကြည့်နေသည်ကို ပြန်ပြုံးပြလိုက်သည်။ ဖြစ်ပျက်နေသမျှကို အနည်းငယ်ပဲဖြစ်ဖြစ် ပြောပြချင် သော်ငြား သူ့တွင် အချိန်မရှီတော့။ အခန်းကို အမြန်ပြန်ကာ ပေါ့ပါးသည့် ၀တ်စုံတစ်စုံကောက်လဲပြီး ပိုက်ဆံအိတ်နဲ့ ဖုန်းကို ယူကာ ချက်ချင်းပြန်ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်လုံး၏ gear တွေကိုတော့ မမေ့မလျော့ယူလာခဲ့၏။
-
-
-ဆေးရုံ အခန်း ၃၀၁ ကိုရောက်တော့ Arthit မိဘနှစ်ပါးလုံးရှိနေသည်။"Kongpob..တွေ့ရတာဝမ်းသာပါတယ်။"
"ဟုတ်ကဲ့ အန်ကယ်လ်"
Mr Rojnapat က နှုတ်ဆက်လာပြီး Mrs Rojnapat ကလည်းဘေးနားကနေပြုံးပြသည်။
"ကျွန်တော် တစ်ခုယူလာတယ် ma'am."
"သြော် အန်တီလို့ပဲခေါ်ပါလို့ပြောထားတယ်လေ. ma'am က သိပ်စိမ်းလွန်းတယ်"
"ဟုတ်ကဲ့အန်တီ"
Kong က ဖွဖွလေးရယ်ရင်းပြောလိုက်သည်။ Kong နှင့် Arthit မိဘတွေပြေလည်နေသည်ကို Arthit ပြုံးကြည့်နေသည်ကိုတော့ Kong မတွေ့ပါလေ.။ ပထမတစ်ခါ ကြိုးစားမှုကျရှုံးပြီးသည့်အခါတိုင်း သူတို့ ဆေးရုံကိုကြိမ်ဖန်များစွာလာခဲ့ဖူးကြသည်။ လာတိုင်းလည်း အင်တာနက်ပေါ်မှာ ၇ှာဖွေစုဆောင်းမိသမျှ နည်းလမ်းများကိုလည်း အသုံးပြုကြည့်သည်.။
"မင်း ကို ဒီထက်ပိုပြီးစောစောသိရရင်ကောင်းမှာပဲကွယ်. မင်းက ကြင်နာတယ်ထက်မြက်တယ်. ပြီးတော့ အန်တီရဲ့ Oon လေးအပေါ် တကယ်ဂရုစိုက်တာကို ခံစားလို့ရနေတယ်။"
YOU ARE READING
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u