Arthit ခန္ဓာကိုယ်ထဲ ပြန်ဝင်ရန်ကြိုးစားတာ ကျရှုံးပြီးသည့်နောက် Mrs.Rojnapt က သောက်စရာတစ်ခုပေးသောကြောင့် Kong လှမ်းယူပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ သူမသားနှင့် တူသောမျက်လုံးတွေက နက်နက်ရှိုင်းရှိုင်းရှိလှကာ တကယ်ကို လှပပါသည်။
“အက်ဆီးဒင့် ဖြစ်ပြီးကတည်းက..အန်တီ အိမ်တောင် မရောက်ဖြစ်တော့ဘူး။ အန်တီ သွားနေတုန်း အန်တီရဲ့ Oon လေးနိုးလာရင် ဘယ်လိုလုပ်မလဲဆိုပြီး တစ်ချိန်လုံးတွေးနေမိတာ။”
သူမက ကုတင်ပေါ်က Arthit ကို တစ်ချက်လှမ်းကြည့်ပြီးမှ Kong ကိုပြုံးပြလာသည်။ Arthit ၀ိညာဉ်လေးက တော့ သူ့အမေဘေး ထိုင်ကာ နှစ်သိမ့်ပေးချင်နေသည်။
“ဒါပေမယ့်.သူ ခုထိ နိုးမလာသေးဘူး။ အင်း..တစ်ချိန်တုန်းကတော့ လက်လေးလှုပ်လာသေးတယ်။အန်တီ အရမ်းပျော်ခဲ့တာ။ ဆရာဝန်ပြောတာတော့ မကြာခင်နိုးလာတော့မယ် လက္ခဏာပဲတဲ့။”
ထိုစကားကြောင့် Kong မျက်ခုံးတို့ပင့်တက်သွားရသည်။ သူ့ဆီကနေ Arthit ပျောက်သွားခဲ့တဲ့အချိန်ကများလား..။
ထို့နောက် သူမက Arthit အက်ဆီးဒင့် ဖြစ်ခဲ့သည့်အကြောင်းကိုပြန်ပြောလေသည်။ ပင်လယ်အပျော်ခရီးထွက်စဉ်က Arthit သည် ကမ်းခြေနားလမ်းလျှောက်နေစဉ် အပျော်တမ်းမောင်းသူ စီးလာသော ဂျက်မော်တော်ယာဉ် တစ်စီးသည် ထိန်းချူပ်မှု လွတ်ကင်းကာ Arthit ကိုထိခိုက်စေပြီး ခေါင်းကိုပြင်းထန်စွာ ဒဏ်ရာ ရစေခဲ့သည်။ နိုးမလာနိုင်တော့လောက်အောင်ထိ ထိခိုက်မိကာ ကိုမာဝင်သည့်အဆင့်ထိဖြစ်ခဲ့ရသည်။
သူမ ပြောပြတာတွေ နားထောင်နေရင်း Arthit သည် ဖြစ်ပျက်ခဲ့သမျှအတွက် ၀မ်းနည်းကာ ငိုကြွေးနေလေသည်။ Kong သည်လည်း Arthit သူ့အမေနဲ့နည်းနည်းကြာအောင်နေနိုင်ဖို့အတွက်ကြာကြာနေပေးချင်ပေမယ့်လည်း သွားဖို့ကအချိန်တန် လှပြီဖြစ်သည်။
-
-
-
အခန်းကိုပြန်ရောက်သည့်အချိန်တွင်တော့ တိတ်ဆိတ်မှုက ဖုံးလွှမ်းနေခဲ့သည်။ Kong သည် သူ့စီနီယာလေးကို ခန္ဓာကိုယ် ဆီ ပြန်ပို့ပေးမည်ဟုကတိပေးခဲ့သော်လည်း မအောင်မြင်ခဲ့တာကြောင့် Arthit က သူ့အပေါ် ဘယ်လိုတွေးထင်နေမလဲ ဆက်တိုက် စဉ်းစားနေမိသည်။
YOU ARE READING
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u