7- အခန်းငယ်

1.9K 190 5
                                    

Kong သည် ဖခင်ဖြစ်သူ၏ အဆက်အသွယ်ဖြင့် မျက်နှာချင်းဆိုင် တိုက်ခန်းက အခန်းသော့ကို တောင်းဆိုလေသည်။ ဖခင်က အကြောင်းရင်းမေးသည့်အခါ  သူငယ်ချင်းတစ်ယောက်က ရက်လွန်စာအုပ်တွေကိုပြန်ယူချင်သည်ဟူသောအကြောင်းပြချက်ဖြင့် သော့ပိုရရှိခဲ့သည်။ Kong သိသလောက် တိုက်ခန်းပိုင်ရှင်နှင့် ဖခင်ဖြစ်သူက ခင်မင်ရင်းနှီးသူများဖြစ်တာကြောင့်  ပိုင်ရှင်ဆီ ဆက်သွယ်ပေးခဲ့သည်။

Arthit ကိုကြည့်ရတာ စိတ်လှုပ်ရှားနေ၏။  ရက်သတ္တပတ်တွေ ကျော်လွန်ပြီးမှ အခန်းကိုပြန်ဖို့ ပထမဆုံးတောင်းဆိုတာမို့ Arthit အတွက်လည်းခက်ခဲမည်သာ။ Kong လည်း ထွက်လာသည့် ရလာဒ်ဘာပဲဖြစ်ဖြစ် လက်ခံဖို့ ကိုယ့်ဘာသာကိုယ် သတိပေးနေမိသည်။ တိုက်ခန်းကို သွားရာလမ်း က တိတ်ဆိတ်နေသည်။ Arthit သည် ခြေထောက်ကို အသာလွှဲလျက်ငေးမောကြည့်နေ၏။ သူ့လက်ကလေးကို ကိုင်ထားရဖို့ Kong တကယ်ပဲ ဆန္ဒရှိလှသည်။  Arthit ၏ အခန်းရှေ့ တွင် ရပ်နေကြသည်မှာ အချိန်တစ်ခုရှိပြီမို့ အတွေးပြောင်းသွားသလားတွေးမိပေမယ့် Arthit က သူ့ကိုကြည့်လာသည်။

“ဖွင့်ပေးပါလား??”

တိုးတိတ်ညင်သာသော တောင်းဆိုမှုပါပဲ။ Kong သော့ဖွင့်လိုက်ပြီး တံခါးဖွင့်လိုက်သည်။ အခန်းထဲတွင် ပစ္စည်းများ ဖုန်များနှင့် ညစ်ပေနေမည်ထင်သော်လည်း အိပ်ရာခင်းက အစ သန့်ပြန်ရှင်းလင်းနေသည်။ ထောင့်တစ်နေရာတွင် စာအုပ်တစ်ချို့ရှိပြီး  ကျန်နေရာများမှာလည်းသန့်ရှင်းနေသည်။ Kong မျက်မှောင်ကြုံ့သွားပြီး Arthit ကိုကြည့်လိုက်တော့ သူ့နည်းတူ အံ့သြနေပုံ ရ၏။

“P’Arthit..??”

Arthit က သူ့အိပ်ရာရှေ့မှာ သွားရပ်နေလိုက်သည်။

“ငါက အိပ်ရတာ ကြိုက်တယ် မင်း သိလား ??”

“သိသာနေတာပဲကိုး”

ပြုံးပြီး နူးညံ့စွာပြောလာသော Arthit ကို Kong ပြန်လည်စနောက်လိုက်သည်။

“ငါ အိပ်ရတာကြိုက်တယ်။ အတန်းရှိတဲ့ရက်တွေမှာ အမြဲတမ်း ငါးမိနစ်လောက်ပိုအိပ်ရဖို့ကြိုးစားတယ်။ပြီးတော့ အမြဲပဲနောင်တရပြန်ရော..။ပိတ်ရက်တွေမှာတော့ နေ့လည်ထိ အိပ်တယ်။”

ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ