တက္ကသိုလ်ရဲ့ ပထမရက်က Kong အတွက် ကြောက်ရွံ့မှု…စိတ်လှုပ်ရှားမှု.. ပျော်ရွှင်မှု ခံစားမှုပေါင်းများစွာကို ယူလာပေးသည်။ သူ့ကို လက်ပြနေတဲ့ အချစ်ဆုံးသူငယ်ချင်း Aim ကိုတွေ့မှ အသက်ရှုနည်းနည်းချောင်တော့သည်။ အနည်းဆုံးတော့ သူ အထီးမကျန်တော့ဘူးလို့ ထင်တာပဲလေ။“hey..Kong…”
“hey…. ငါတို့ကဘာလုပ်ရမှာလဲ”
“ငါလည်း မသိဘူး။ ဒါပေမယ့်ငါထင်တာ ဟိုမှာ စာရင်းသွင်းရမယ်ထင်တယ်”
Aim က Fresher လေးတွေတန်းစီနေတာကို လက်ညှိုးထိုးပြသည်။ သူတို့လည်း တန်းစီလိုက်ပြီး Student code ကို စာရင်းသွင်းပေးကြသည်။ သူ့ Student code က 0062…..
စာရင်းသွင်းပြီးတော့ အတန်းဖော်တွေကို ရှာခိုင်းတာကြောင့် နှစ်ယောက်သား ဘေးပတ်လည်ကိုရှာဖွေရတော့သည်။ ပထမနှစ်အုပ်စု တစ်စု ထောင့်နားမှာထိုင်စကားပြောနေတာကို တွေ့၏။ Kong က သူ့ရဲ့ မှင်သက်နေတဲ့ သူငယ်ချင်းကို သူတို့ဆီ ဆွဲခေါ်သွားရသည်။ ထိုစားပွဲကနေရာမှာ စက်မှုအင်ဂျင်နီယာကျောင်းသားများဆိုသည့် အမှတ်အသားထားရှိထားသည်။“IE,Kongpob,0062”
Kongpob က အရင်မိတ်ဆက်လိုက်ပြီး Aim က ထပ်မိတ်ဆက်သည်။ ကျောင်းသားတွေကလည်း တစ်ယောက်ချင်းစီ မိတ်ဆက်ပေးကြသည်။ အရမ်းစနစ်ကျလွန်းတော့ Kong ရယ်ချင်လာ၏။ အတန်းထဲမှာ ဘယ်လိုမျှော်လင့်ထားတယ်…SOTUS System…..ပြီးတော့ hazing activities ကိုဘယ်လိုကျော်ဖြတ်ကြမယ် အစရှိသဖြင့် တိုင်ပင်ဆွေးနွေးနေကြသည်။
မိနစ်အနည်းငယ်ကြာတော့ နောက်ထပ်ရောက်လာတဲ့ fresher တွေကထပ်မိတ်ဆက်နဲ့ အုပ်စုလေးက ကြီးလာသည်။“fresher တွေအားလုံ ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်ခဲ့ပေးပါ”
Gear သင်္ကေတနဲ့ အဖြူရောင်ဝတ်ထားတဲ့စီနီယာတစ်ယောက်က မတိုးမကျယ်ပြောလာသည်။ အဲ့ဒီ gear ကိုရင်းနှီးနေသည်။ ဘယ်မှာတွေ့ဖူးတာလဲ စဉ်းစားနေရင်းနဲ့မှ ကမ်းခြေက ကောက်ရခဲ့တာကို Kong သတိရသွား၏။ အဲ့ဒီ Gear ကို သိမ်းထားပြီး သူနဲ့အတူတောင် ယူလာခဲ့သေးသည်။ သူ့အခန်းထဲက စာကြည့်စားပွဲ၏ အံဆွဲတစ်ခုထဲတွင်ထည့်ထားခဲ့သည်။
စီနီယာ က သူတို့ first year တွေလူစုသည့်နေရာကို ဦးဆောင်ခေါ်သွားသည်။ ဆွေးနွေးပြောဆိုမှု ပြုလုပ်တော့မှာဖြစ်၍ Kongpob တို့ အတန်းဖော်တွေ ပျင်းလာကြ၏။ ထိုဆွေးနွေးပြောဆိုမှုက အရေးကြီးမှန်း Kong သိသည်။သူ့အဖေ က သေချာနားထောင်ဖို့အမြဲဆုံးမလေ့ရှိသည်။ မဟုတ်ရင် အနာဂတ်မှာ ဘာမှ သိလာမည်မဟုတ်တဲ့။
Kong မှတ်စုလေးနဲ့လိုက်မှတ်လိုက်သည်။ သူ့ဘေးက Tew လို့ခေါ်သည့်တစ်ယောက်လည်း လိုက်မှတ်နေတာတွေ့သည်။ ကြည့်ရတာ နားထောင်ဖို့တာဝန်ရှိတာ သူတစ်ယောက်တည်း မဟုတ်ဘူး ထင်တယ်။ သူ့အချစ်ဆုံးသူငယ်ချင်းလေး Aim ကိုကြည့်လိုက်တော့လည်း အကြည့်ကသာ စီနီယာဆီရောက်နေတာ စိတ်က ဘယ်ရောက်မှန်းမသိ။ အိပ်ငိုက်တော့မှာ ဖြစ်တဲ့သူငယ်ချင်းကို တံတောင်နဲ့တွတ်တော့ သူက လန့်သွားသေးသည်။
ခန်းမတစ်ခုလုံးက programs အမျိုးမျိုးက first year တွေ. သူတို့ရဲ့ စီနီယာတွေနဲ့ ပြည့်နှက်နေသည်။ သူတို့ရဲ့ cheering activities ကိုစတဲ့အချိန် သူတို့မျက်နှာတွေကို မှတ်မိအောင် လေ့လာရဦးမှာကို Kong သိသည်။SOTUS system ကို သူကြားဖူးပြီး တချို့ head hazer တွေက ဂျူနီယာတွေအပေါ်လွှမ်းမိုးမှုတို့ကြောင့် သဘောမကျသူများလည်းရှိသည်။
ဆွေးနွေးပွဲပြီးမှပဲ Kong လည်းခေါင်းပေါ့သွားသလို ခံစားလိုက်ရသည်။နေ့လည်စာ စားချိန်တောင် ကျော်နေပြီမို့ ဗိုက်က အချက်ပြလာ၏။ ထို့ကြောင့် Aim ရယ် အတန်းဖော် တချို့ရယ်နဲ့ ကန်တင်းကို သွားလိုက်သည်။
ESTÁS LEYENDO
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanficသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u