Kong က အဲ့နေ့ညက အိပ်မပျော်ခဲ့ပေ။ လမ်းလျှောက်နေရင်းနဲ့ပဲ Arthit ရှိနေမှုကိုပဲ ခံစားနေမိသည်။
Arthit ပျောက်ကွယ်သွားတာသုံးရက်ခန့်ရှိကတည်းက Kong သည် ထူးဆန်းသောအိပ်မက်များ မက်လာသည်။နေ၀င်ချိန်မှာ ကမ်းခြေမှာရှိနေတာမျိုး…… သူနဲ့ကျွမ်းဝင်မှုမရှိသည့် အထက်တန်းကျောင်းမှာရောက်နေတာမျိုး………….အထက်တန်း ကျောင်းဝတ်စုံဝတ်ထားသည့်ကောင်မလေးနဲ့ကောင်လေးကို စကားပြောနေတာမျိုး……..သေချာမမြင်ရသည့်အိမ်တစ်အိမ်ထဲ မှာရှိနေတာမျိုး………။အဲ့အိပ်မက်တွေက ဘာကိုရည်ညွှန်းနေမှန်းမသိပေမယ့် Arthit နဲ့ပတ်သက်ပြီး တစ်ခုခုလုပ်စရာရှိတယ်လို့ သူ ထင်နေမိသည်။
Kong က Arthit မရှိတော့ကတည်းက gear ကိုဆက်သိမ်းထားခဲ့သည်.။ cheering activities တစ်ခုမှာ စီနီယာတွေက gear ကိုမိတ်ဆက်ပေးခဲ့ပြီး gear ကိုလက်ခံရဖို့ကျရှုံးခဲ့လျှင် သူတို့၏ ဂျူနီယာ ဟု မသတ်မှတ်ပါ ဆိုလာတော့ Kong နည်းနည်းအံ့သြရသေး၏။
စိတ်လှုပ်ရှားနေရင်ပဲဖြစ်ဖြစ် Arthit ကိုသတိရရင်ပဲဖြစ်ဖြစ် Kong က Arthit gear လေးကို ဆော့ကစားနေတတ်သည်။ အတန်းပြီးလို့ အခန်းပြန်လာသည့် ညတွေတိုင်း သူ့အိပ်ရာပေါ်မှာ Arthit အိပ်နေဖို့မျှော်လင့်မိပေမယ့် ပြန်လာတိုင်း စိတ်ညစ်ရ လေသည်။Kong က ပါမောက္ခဆီက မှတ်ချက်ကောင်းကောင်းဖြင့် assignment ကိုအောင်မြင်ခဲ့သည်။ အဲ့နောက် သူ့ရဲ့ အတန်းဖော်တွေ ကို Arthit သင်ပေးခဲ့သည့်နည်းလမ်းကို ပြန်သင်ပေးဖို့စတင်လိုက်သည်။ အခု သူလုပ်နေသမျှက သူ့ကို စိတ်ရှုပ်စေခဲ့သော တစ်ချိန်တည်းမှာပဲ ၀မ်းနည်းစေသော သူ့ရဲ့စီနီယာလေးကို အမှတ်ရစေလေ၏။ ဘယ်သွားသွားလည်း gear ကိုပါ တစ်ပါးတည်းယူဆောင်သွားကာ Arthit တစ်နေ့ပြန်လာမည်လို့ ယုံကြည်နေမိသည်။ Arthit က တကယ်တော့ သူ့အခန်းကို ခြောက်လှန့်ခဲ့သည့် ၀ိညာဉ်လေး ဖြစ်ခဲ့ရုံသာမကဘဲ အထုးအရေးပါသူလေးဖြစ်ခဲ့ ခြင်းသာ။
ရက်အနည်းငယ်အိပ်မပျော်ဖြစ်နေတော့ သူငယ်ချင်းများနှင့် Aim ကပါ သတိထားမိလာသည်။စိုးရိမ်စွာမေးမြန်းလာမှုတွေအပေါ် Kong က စိတ်မပူစေချင်တာကြောင့် အိမ်စာတွေ စာ တွေနဲ့အလုပ်များနေလို့သာ ပြောခဲ့သည်။ အိပ်ရေးပျက်မှုတွေကြောင့် Kong က အိပ်ရာပေါ်သာ ထိုးအိပ်တတ်လာ၏ အမှန်စင်စစ် သူက သပ်ရပ်စွာနေထိုင်တတ်သူဖြစ်ပေမယ့် စိတ်နဲ့ကိုယ် က ပင်ပန်းနေတာကြောင့် အားလုံး ဒီတိုင်းသာပစ်ထားလိုက်သည်။
-
-
YOU ARE READING
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u