Arthit ထွက်သွားသည်မှာ တစ်ပတ်ရှိခဲ့ပြီဖြစ်သကဲ့သို့ Kong သည်လည်း စိတ်ဓာတ်ကျနေပြီဖြစ်လေသည်။ မျက်ကွင်း ဟောက်ပက်တွေနှင့် အားမရှိသလိုကျောင်းလာသော သူ့ကိုလည်း သူငယ်ချင်းတွေက သတိထားမိနေသည်။ Aim က Kong ကို စိတ်ပူသလိုမျက်လုံးတွေနှင့် တစ်ချိန်လုံးကြည့်နေသည်ကိုသိပေမယ့် Kong လျစ်လျူရှုထားလိုက်၏။
Kong သည်ဆေးရုံကိုလည်း ညတိုင်းသွားသည်။ အန်တီနှင့် အန်ကယ်လ် သည် သူလာသည့်အတွက် ၀မ်းမြောက်ရသော် လည်း စာကျက်ပျက်မည်ကို စိုးရိမ်ပေးကြသည်။ ထို့ကြောင့် Kong ကို စာကြည့်ကာ အနားယူဖို့သာတောင်းဆိုကြ၏။
Kong မလုပ်နိုင်ပါ.အခန်းသည် တိတ်ဆိတ်ခြောက်သွေ့နေသည်။ ရင်ဘတ်ထဲတွင်လည်း အခေါင်းပေါက် ကြီးတစ်ခုဖြစ်နေလေ၏။ Arthit ၏ အရိပ်အယောင်အနည်းငယ်ကိုမျှ ခုထိမတွေ့ရ.။ gear ကတော့ Arthit ဆီတွင်သာထားခဲ့လိုက်သည်။
“Kong မင်းအဆင်ပြေရဲ့လား??”
Aim က Kong ပုခုံးကိုကိုင်ကာ နှစ်သိမ့်မေးလာသည်။ ယခု သူတို့၏ အားလပ်ချိန်ဖြစ်ပြီး တစ်နာရီခန့် အတန်းမရှိသေးခင်ဖြစ်သည်။
“အင်း ”
“Kong..”
Kong ခေါင်းလေးညိတ်ပြတော့ Aim က နူးညံ့သော အသံနှင့်ခေါ်လာသည်။ Kong က မျက်လုံးချင်းရင်မဆိုင်။
“ဒီမှာတော့ မဟုတ်ဘူး”
Aim ကခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက် ဘဲဥပုံကွင်းပြင်ဘေးက လျှောက်လမ်းလေးတိုင်းလျှောက်လာခဲ့ကြသည်။ ထိုင်ဖို့နေရာယူလိုက်ပြီး သူတို့ရှေ့က လှုပ်၇ှားသွားလာနေသော သူများကို Kong က ငေးကြည့်နေ၏။
“Kong… မင်း အဆင်မပြေပါဘူး.။”
အချိန်ခဏကြာပြီးမှ Kong ဆီက အဆင်မပြေသည့်အသံထွက်လာသည်။ Aim က သူ့အခြေအနေကိုမသိသည်ကြောင့် ဘာဖြစ်သည်ဆိုတာကို ပြောပြဖို့ရန်တော့ ခက်ခဲလေသည်။ ၀ိညာဉ်နှင့် တွေ့ဆုံခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည်ကို မည်သို့ပြောပြရမည်နည်း .သူတစ်ပါးယုံကြည်နိုင်သည့် အကြောင်းအရာမဟုတ်.။ သူ လိမ်ညာနေသည်လို့ Aim က ထင်နိုင်သည်ပဲလေ.။
YOU ARE READING
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u