15- final ကျွန်တော်တို့သည်...

4K 302 36
                                    

Arthit သည် ခက်ခဲစွာအသက်ရှုရင်းဖြင့်နောက်ဆုံးတော့ နိုးထလာသည်။ လည်ချောင်းတွေခြောက်သွေးနေတာကိုခံစားနေရ ပြီး တစ်ယောက်ယောက်၏ စကားပြောသံတွေကိုလည်းကြားနေရသည်။ ထို့နောက် သူ့ကိုဖက်ပြီးငိုနေသူများကိုလည်း ခံစားရသည်။ သူ့ မိဘနှစ်ပါးပင်ဖြစ်သည်။

သို့သော် အမည်မသိအကြောင်းရင်းတစ်ခုက နှလုံးသားကိုနာကျင်စေသည်။ ယခုအခန်းထဲတွင်ရှိနေသင့်သည့်သူ့အတွက် အရေးကြီးသော တစ်စုံတစ်ခုသည် ရှိမနေ.။

ဆရာဝန်ကစစ်ဆေးပြီး ယာယီမှတ်ဥာဏ်ပျောက်ကွယ်ခြင်းဖြစ်ပြီး မကြာခင် အားလုံးသတိရလာမည်ဖြစ်ကြောင်း မိဘနှစ်ပါးကိုပြောနေတာလည်းကြားလိုက်ရသည်.။ပထမဆုံးတွေးမိတာက Arthit တတိယနှစ်အဖြစ်ကျောင်းတက်နိုင်ပြီး  တက္ကသိုလ်တွင်သူငယ်ချင်းတွေနှင့်တွေ့ဖို့ကိုမစောင့်စားနိုင်တော့.

“နိုးလာပြီဆိုတာ အမေတို့ Kongpob. ကို အသိပေးရမယ် Oon, သူက မင်းဆီနေ့တိုင်းနီးပါးလာကြည့်ခဲ့တာ။”

အမေကငိုပြီးပြောတော့ Arthit  မျက်မှောင်ကြုံ့ကာ စဉ်းစားခန်းဝင်သွားရသည်။ ထိုနာမည်သည် မရင်းနှီးသော်လည်း ရင်ဘတ်ထဲတွင် တစ်ခုခုဖြတ်ပြေးသွားသလိုခံစားလိုက်ရသည်။

“Kongpob..”

“သူက လူကောင်းလေးပါ သား.”

ဖခင်ဖြစ်သူက သူ့ပုခုံးလေးကိုဖက်ကာပြောလာသည်။

ဆရာဝန်က ခန္ဓာကိုယ်နှင့် စိတ်အတွက် တစ်ပတ်နှစ်ပတ်လောက် အနားယူသင့်သည်ဟုအကြံပြုသော်လည်း Arthit သည် အပြင်လောကကိုထိတွေ့ချင်နေပြီ.။ ခု သူကောင်းနေပြီပဲ..ဘာမှမဖြစ်ခဲ့သလိုတောင် ခံစားရသည်။

“အမေတို့ ဒါလေးသိမ်းထားတယ်.Kongpob က ရှာတွေ့ပြီး ပြန်ပေးခဲ့တာ.”

အမေက gear လေးကိုထုတ်ကာ သူ့ကိုပေးသည်။ Arthit ရင်ဘတ်တစ်ခုလုံး တင်းတင်းကျပ်ကျပ်ခံစားရပြီး မျက်နှာလေး ရှုံ့တွ သွားသည်။ ထိုနာမည်သည် သူ့စိတ်ထဲတွင် မသိသော ကောင်လေးတစ်ယောက်၏ ပုံရိပ်ကိုခေါ်ဆောင်လာပေးသည်။

နောက်ဆုံး Arthit တို့အိမ်ပြန်ရောက်လာခဲ့သည်။ သို့သော် အမေက သူ့ကို အပြင်ပေးမထွက်သေးသည်မို့ သေလောက်အောင် ပျင်းလှ၏။  မိဘတွေသည် Arthit အခြေအနေကို ကျောင်းအုပ်ချူပ်ရေးထံတွင်ပြောပြပြီးသည့်နောက် ကျောင်းက တတိယနှစ်ကျောင်းသားအနေနှင့် Arthit ကို ခွင့်ပြုပေးသည်။ သူငယ်ချင်းတွေနှင့်အတူ တစ်နှစ်တည်းတက်ရ မည့်အတွက် Arthit ၀မ်းသာနေသည်။ သူငယ်ချင်းတွေသည် သူ့ဆီ လာလည်ကာ လိုအပ်သည်များကိုလည်း ပြောပြပေး ကြသည်။ သူငယ်ချင်းတွေက ဘယ်လိုပဲခပ်ကြောင်ကြောင်တွေဖြစ်ပစေဦး  စာကြည့်သည်နေရာတွင် Arthit ကိုအလေးပေး ပြောပြပေးကြသည်မို့ ကျေးဇူးတင်မိရသေးသည်။

ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)Where stories live. Discover now