Kongpob က သူတစ်ယောက်တည်းသာ Arthit ကိုမြင်နိုင်မယ့် သတိထားမိပြီးနောက် သူငယ်ချင်းတွေကိုလည်း အခန်းထဲက ၀ိညာဉ်အကြောင်းကို မပြောပြဖို့ဆုံးဖြတ်လိုက်သည်။ဒီနေ့မနက်ခင်းမှာပဲ သူတို့ hazing team နဲ့တွေ့ဆုံခဲ့ရသည်။ အားလုံးက ခြိမ်းခြောက်တဲ့ပုံပေါ်ပေမယ့် Kong ထင်သလောက် တော့ကြောက်စရာမကောင်းပေ။ သူတို့ရဲ့ head hazer Knott ဆိုသည့် တစ်ယောက်က စည်းကမ်းတိကျသည်။ တိတ်ဆိတ် ငြိမ်သက်သည်။ cheer activity အတွင်းမှာ လူတိုင်းက စီနီယာတွေရဲ့ သဘောအတိုင်းသာလုပ်ဆောင်ကြပြီး အပြစ်ပေးခံရမှာ ကြောက်ကာ ပြန်မပြောဝံ့ကြ။
ဒီနေ့ကတော့ အတန်းတွေရဲ့ ပထမနေ့ဖြစ်ပြီး Kong က ကိစ္စတွေကို လွယ်လွယ်ကူကူပဲကိုင်တွယ်ဖြေရှင်းနိုင်လေသည်။ သူ အချစ်ဆုံးသူငယ်ချင်းကတော့ calculus နဲ့ Algebra တွေကို စိတ်ဝင်စားခြင်းမရှိ အခက်တွေ့နေသည်။“ဘာလို့ ပထမနေ့မှာ အစောကြီး assignment တွေလာပေးနေရလဲ မသိပါဘူး။ Kong.. ငါ့ကို ကူတွက်ပေးဦး။ ငါ မသိတော့ဘူး။”
Kong ရယ်မောလိုက်မိသည်။ Aim က ခုချိန် drama Queen တစ်ယောက်လို။ အမှန်တကယ်ကြိုးစားတွက်နိုင်ရဲ့သားနဲ့ ပျင်းနေရုံသက်သက်။
အတန်းက နောက်ကျမှပြီးတော့ အခန်းမပြန်ခင် Kong က ညနေစာပါ တစ်ခါတည်းဝင်ဝယ်လိုက်သည်။ သူ တွေးမိပါသေးသည်။ တစ်နေ့လုံး Arthit လို ၀ိညာဉ်လေး ကအခန်းထဲကမထွက်နိုင်ဘဲနဲ့ ဘာတွေလုပ်နေမလဲ သိချင်မိ၏။ အခန်းထဲရောက်တော့ အဖြေရလိုက်ပါသည်။ Arthit က သူ့အိပ်ရာပေါ်မှာ အိပ်နေပြန်ပါပြီ။ Arthit မျက်နှာလေးက ခေါင်းအုံးပေါ်မှာ နစ်မြှုပ်နေသည်။ Kong မျက်ခုံးတွေပင့်တက်သွားရသည်။ တကယ်လို့ Arthit က ၀ိညာဉ်ဆို အရာအားလုံးကို ဖြတ်ထွက်သွားရမည်မလား ?? ခု Arthit က သူ့အိပ်ရာပေါ်မှာ ဘယ်လိုလုပ်အိပ်နိုင်တာလဲ??? ဖြေရှင်းဖို့လိုတဲ့ မေးခွန်းတွေ အများကြီး ရှိနေသေးပေမယ့် ခုတော့ Kong ဗိုက်ဆာနေပြီမို့ နေရာမှာပဲထိုင်လိုက်သည်။ ပြီးရင် အိမ်စာတွေလည်း လုပ်ရဥိးမည်လေ။ Arthit အိပ်နေတာကြောင့် ပလတ်စတစ်အိတ်ကို ဖြည်းဖြည်းဖွင့်ပေမယ့်လည်း အသံကြောင့် Arthit နိုးလာသည်။ နာမည်ခေါ်သံကြားတော့ Kong လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ ၀ိညာဉ်တစ်ကောင်ဖြစ်နေတာတောင်မှ Arthit က အိပ်ရာထစ ဆံပင်ပုံစံလေးနှင့်ဖြစ်နေသည်။ ချစ်ဖို့ကောင်းတယ် တွေးမိတာကို Kong မထိန်းချူပ်နိုင်ပါ။
YOU ARE READING
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u