11- ကြိုးလေးတွေ

1.8K 197 4
                                    

သူတို့၏ စီနီယာတွေက သူတို့ကိုလက်ခံလိုက်ပြီဖြစ်သည်။  စီနီယာတွေက သူတို့ဂျူနီယာတွေ အဖြစ်သတ်မှတ်ပေးမည့် အလံဖမ်းပွဲကို ပြီးဆုံးခဲ့လေပြီ.။ ခက်ခဲသည့် ပွဲတစ်ခုဖြစ်ခဲ့သော်လည်း ပြီးဆုံးသွားသည့်အခါ ဂျူနီယာလေးတွေ၏ မျက်လုံးတွေ ထဲက အပျော်တွေကလည်း ပေါ်လွင်နေသည်။

Arthit သည်လည်း ပွဲတစ်လျှောက်လုံး အဲ့ဒီမှာရှိနေခဲ့သည်။ မျှော်လင့်ထားသည်ထက်ပိုပြီး အလံကိုမြန်မြန်ယူနိုင်အောင် Kong ၏ စီနီယာလေးသည် ဘေးနားကနေ တိုးတိုး တိုးတိုးနှင့် ကိစ္စသေးသေးလေးတွေကို ပြောပြပေးနေသည်။ Kong ပြုံးမိလေသည်။ သူ့စီနီယာလေး  ကူညီပေးတာ အနည်းငယ်ဆိုပေမယ့် တွဲဖက်တွေအတွက် အဓိကကျသည့် အားထုတ်မှု ဖြစ်နေခဲ့၏။

စီနီယာတွေကလည်း သူတို့ကိုလက်ခံလိုက်ကြပြီး နေ၀င်ချိန်တွင် လက်ပတ်ကြိုးချည်သည့် အခမ်းအနားစတင်လေသည်။ hazing team သည် ဖယောင်းတိုင်လေးများကို ကိုင်လျက်ရပ်နေကြသည်။  ယခုဆိုလျှင် ခါတိုင်း သူတို့၏ ခြိမ်းခြောက်တတ် သောမျက်နှာ အစား နွေးထွေးသော အမူအရာများသည် ဖယောင်းတိုင်၏ အလင်းအောက်တွင် တောက်ပနေကြသည်။ ဂျူနီယာလေးများကိုထိုင်ခိုင်းလိုက်ပြီး လက်ကောက်ဝတ်တွင်ကြိုးလေးများ ချည်ပေးစဉ်တွင် သူတို့အတွက် အားဖြစ်စေမည့် အကြောင်းများ စကားများကို စီနီယာများက ဆုံးမသွန်သင်ကြ၏။

“အမြဲတမ်းဂရုစိုက်ပါ.။ ကောင်းကောင်းကြိုးစားသင်ယူပါ.ဒါပေမယ့် အနားယူဖို့လည်း မမေ့နဲ့.”

Knott က သူ့ကိုပြုံးပြီးပြောလေတော့ Kong ပြန်ပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် P’….ကျွန်တော်တို့ကိုသင်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”

“အကူအညီလိုတဲ့အခါတိုင်း ငါတို့ဆီလာလို့ရပါတယ်”

“ပိုက်ဆံတော့လာမချေုးနဲ့ပေါ့.”

ထိုစကားကိုတော့ Knott ဘေးမှာထိုင်နေသည့် Bright က၀င်ပြောလိုက်ခြင်းပင်.။ ရယ်မောကြကာ အခမ်းအနား ကိုဆက်ခဲ့ကြ၏။

Arthit သည် Kong ကို နှစ်သက်သောမျက်လုံးများနှင့်ကြည့်နေသည်။  kong  ကိုမပြုံးပြဖို့ ကြိုစားမိပေမယ့်လည်း မတတ်နိုင်ခဲ့ပေ။ ဒါကိုကြည့်ပြီး Kong ခပ်တိုးတိုးရယ်မိသည်။ ချစ်ဖို့ကောင်းလေစွ….။သူတို့နှစ်ယောက်၏ တိုးတက်လာ သောအခြေအနေအတွက်များစွာဝမ်းသာရပေမယ့်  အချိန်မရှိတော့ဘူးလို့ Arthit  ပြောတာကိုပြန်တွေးမိသည့်အခါ ခံစားချက် က အောက်ဆုံးထိ ထိုးကျရပြန်သည်။  နည်းလမ်းရှာဖို့လိုသည်။ Arthit ရဲ့ ၀ိညာဉ်လေးကို ကိုယ်ထဲ ပြန်ရောက်အောင် အမြန်ဆုံးနည်းလမ်းရှာရမည်။
-
-
အခမ်းအနားပြီးတော့ သူတို့အားလုံး စီနီယာတွေကို နှုတ်ဆက်နေကြသည်။ Kong သည် သန့်စင်ခန်းသို့ သွားပြီး ပြန်ထွက် လာသည့်အခါ အမေ့ကို message ပို့ရန် အိတ်ကပ်ထဲကဖုန်းထုတ်လိုက်သည်။

ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)Where stories live. Discover now