Cheering activities တွေကြောင့် အားလုံးကပင်ပန်းနေကြသည်။သူတို့၏ စီနီယာများက ထိုင်ထ ရာချီနှင့် ကွင်းပတ်ပြေးခိုင်းခြင်း များကိုလုပ်ဆောင်စေကြသည်။နောက်ဆုံးမှာ သာ ထိုင်ဖို့ခွင့်ပြုခံရကြ၏။ တစ်ယောက် ကပင်ပန်းလွန်း လို့လဲကျသွားပေမယ့် တော်သေးလို့ အနီးမှာကူညီပေးမည့် စီနီယာများကလည်း အသင့်ရှိနေကြသည်။ တစ်ချို့သော အတန်းဖော်များက လက်မှတ်မတင်သွင်းနိုင်သောကြောင့်လည်း အပြစ်ပေးခံကြရသည်။ Kong သူတို့ကို အပြစ်မတင်နိုင်ပါ။ လက်မှတ်စုဆောင်းရတာဘယ်လောက်တောင်ခက်ခဲလဲ။
စီနီယာများက သူတို့ေ၇ှ့မှာ တန်းစီရပ်နေကြပြီး Knott က fresher လေးများ၏ခေါင်းဆောင်ကိုခေါ်သည်။ Tew က မျက်ခုံးများ ကြုံ့လျက် ရှေ့သို့ထွက်လာသည်။“MR. နဲ့ MR Faculty အတွက် ကိုယ်စားလှယ်ရွေးဖို့ မင်းကိုယုံကြည်လိုက်မယ်။ ဒါပဲ။ ကဲ အားလုံးတန်းဖြုတ်မယ်။”
Kong ထရပ်လိုက်ပြီး အိတ်ကပ်ထဲလက်ထည့်လိုက်တော့ Arthit gear လေးကို တင်းကြပ်စွာဆုပ်ကိုင်မိသည်။ သူ အကျင့်ဖြစ်နေပြီ။ Arthit ပျောက်သွားကတည်းက gear ကိုဆောင်ထားတတ်တာက။
သူငယ်ချင်းတွေနောက်ကနေလိုက်ထွက်ဖို့ပြင်နေတုန်းမှာပဲ သူ Arthit ကိုတွေ့လိုက်ရသည်။ ပြန်သွားကြသည့် စီနီယာတွေ ၏ နောက်မှာ အသိဥာဏ်ကင်းမဲ့နေသူလို ပြုံးကာ သူ့ကိုလက်ယမ်းပြနေ၏။“P’….!!!!”
Kong က အံ့သြမှုကို မထိန်းချူပ်နိုင်လိုက်ပါ။ စီနီယာတွေက ရပ်သွားပြီး လှည့်ကြည့်လာကြသည်။
“ကိစ္စတစ်ခုခုရှိလို့လား??”
“ဘာမှမဟုတ်ပါဘူး P’Knott.. ကျွန်တော် တစ်ခုခုကို ရုတ်တရက်သတိရသွားလို့ပါ။”
Knott က မျက်မှောင်ကြုံ့ကြည့်ပြီး ပြန်ထွက်သွားသည်။ Kong ရုတ်တရက်အော်လိုက်မှုကြောင့် သူငယ်ချင်းတွေကလည်း သူ့ ကိုကြည့်နေကြသည်.။
“hey.Kong မလိုက်ဘူးလား”
“သွားနှင့်လိုက် Aim နောက်ကလိုက်လာခဲ့မယ် လုပ်စရာလေးရှိသေးလို့”
Aim ကခေါင်းညိတ်ပြပြီး သူတို့အားလုံးသွားနှင့်ကြ၏။ အဲ့ဒီနောက် Kong သည် စတိတ်စင် အစွန်းနားမှာ ထိုင်လျက် ခြေထောက်ကို ရှေ့လွှဲ နောက်လွှဲ ကစားနေသော P’ Arthit ဆီသို့လျှောက်လာခဲ့လိုက်သည်။
YOU ARE READING
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u