“Oh P’Knott”Knott က Arthit အခန်းထဲကိုဝင်လာကာ Kong ကို သံသယမျက်လုံးများနှင့်ကြည့်နေသည်။ ခပ်တည်တည်နဲ့ အေးအေးဆေးဆေးဖြစ်ဖို့ မည်ကဲ့သို့တုံ့ပြန်ရမည်ကို Kong မသိ.။ ဖြစ်လာသောအခြေအနေကိုသာ မီးစင်ကြည့်ကလိုက်တော့ မည်ဟု ဆုံးဖြတ်လိုက်သည်။
“မင်းကိုဒီမှာတွေ့ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”
Knott တွင် Arthit အခန်းသော့နောက်တစ်ချောင်းရှိနေလိမ့်မည်လို့ Kong လည်းထင်မထားပါ.။ အံ့အားတကြီး ရပ်နေသည့် Arthit ဆီသာအကြည့်တစ်ချက်ပို့လိုက်မိသည်။ သူတို့ နှစ်ယောက်လုံးက Knott ဘာလာလုပ်တာလဲမသိကြဘူးလေ။
“မင်း ဘယ်လိုဝင်လာတာလဲ.။??”
“ကျွန်တော့်ဆီမှာ P”Arthit ရဲ့ အခန်းသော့ တစ်ချောင်းရှိတယ်။”
Knott က သူ့ကိုမျက်မှောင်ကြုံ့ကြည့်လာသည်။
“မင်း က Arthit ကိုသိတယ်???”
Arthit က Kong ဘေးတွင်ရပ်နေသည်။ သူ့သူငယ်ချင်း ဘာလာလုပ်တာလဲဆိုတာ စီနီယာလေးက လည်းသိချင်နေမည် ဆိုတာ Kong ပြောရဲသည်။
“ငါ့ရဲ့ ၀မ်းကွဲညီလို့ပြောလိုက်!!”
ဘေးကနေ Arthit ပြောတဲ့အတိုင်းပဲပြောလိုက်တော့ Knott မျက်ခုံးတွေတွန့်ကွေးနေတာ မပြေသေး.။
“၀မ်းကွဲညီ ရှိတယ်လို့လည်း တစ်ခါမှ မကြားဖူးပါဘူး။”
“တခြားတစ်မြို့ကပြောင်းလာတာလို့ ပြောလိုက်!!”
Kong သည် လည်း Arthit ပြောသလိုသာ လိုက်ပြောရတော့သည်။ ဒီတော့မှ Knott စိတ်သက်သာရာ ရသွားသည့်ပုံဖြင့်--
“Oh အစကတည်းက Arthit ညီလို့ ဘာလို့မပြောခဲ့တာလဲ”
“P’Knott က P’Arthit ကို သိတယ်ဆိုတာ ကျွှန်တော် မသိခဲ့ဘူး။”
Kong နည်းနည်းတော့ ညာပြောမိလိုက်သည်။
“ငါ ကသူ့သူငယ်ချင်းပါ.။ ပိတ်ရက်တိုင်း သူ့အခန်းကို လာရှင်းပေးနေကျလေ”
ပြောရင်း Knott က စာကြည့်စားပွဲနားလျှောက်သွားသည်။
“Oh ပင်ပန်းခဲ့မှာပဲနော် P”..”
YOU ARE READING
ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)
Fanfictionသဲထဲမှာ မြုပ်နေတဲ့ gear လေးကို Kongpob ကောက်ယူလာတဲ့အခါ------ #Myanmar translation fic #crimsonfool #The ghost of u