9- ရှာဖွေတွေ့ရှိခြင်း

1.9K 204 10
                                    

Arthit Rojnapat
Arthit ၏ နာမည်အပြည့်အစုံဖြစ်သည်။ Knott ကိုမေးမြန်းခြင်းမပြုနိုင်သည့်အတွက် Kong သည် ကျောင်းသားရေးရာ၌ စုံစမ်းခဲ့ရခြင်းဖြစ်သည်။ Arthit ကို သူ့နာမည်အရင်းကိုပြောပြတော့ ငိုသေးသည်။ တိုက်ခန်းကိုသွားခဲ့ပေမယ့် နာမည်တောင် သေချာမသိခဲ့ရတာကြောင့် ယခုသိရတော့ ပျော်ပြီး မျက်၇ည်ကျလေသည်။

ကတိပေးထားသည့်အတိုင်း Kong သည်ဆေးရုံတွေကို ဖုန်းဆက်ပြီး မေးကြည့်ခဲ့သော်လည်း Arthit Rojnapat ဆိုသည့်လူနာ အမည်မရှိ။

“မနက်ဖြန်ထပ်ပြီးကြိုးစားကြည့်မယ်နော် P’…”

Kong က Arthit ကို နှစ်သိမ့်ပြုံးလေးပြုံးပြလိုက်သည်။

“အဲ့ဒါကို အရမ်းမစိုးရိမ်ပါနဲ့ Kong.. အရင်ဆုံးမင်းရဲ့စာတွေကိုလည်းဂရုစိုက်ဦး ။ ”

ဟိုတစ်နေ့ည ကစ၍ Arthit က ပြောင်းလဲသွားခဲ့သည်။ အနမ်းနဲ့ပတ်သက်ပြီးလည်း ဘာကိုမှ မပြောဖြစ်ခဲ့ကြသလို ဘာမှ မဖြစ်ခဲ့သလိုပင် ပုံမှန်အတိုင်းနေဖြစ်ခဲ့ကြသည်။  Kong စိတ်တွေကတော့ရှုပ်ထွေးနေခဲ့သည်။ သိချင်သည်။ အနမ်းက ဘာအဓိပ္ပာယ်လဲဆိုတာကို…။ နဖူးနဲ့ နှာခေါင်းထိပ်လေးကို ပဲ နမ်းတာပဲဆိုပေမယ့် အနမ်းပဲ မဟုတ်လား။ အနမ်းတိုင်းမှာ သူ့ အဓိပ္ပာယ်တော့ ရှိကြတာချည်းပဲလေ။ သူ့စီနီယာလေးက အဲ့အချိန်တုန်းက ခန့်မှန်းရခက်တာကြောင့် မေးဖို့တော့လည်း စိတ်လှုပ်ရှားနေခဲ့သည်။  တစ်ခါတစ်လေကျတော့လည်း မျက်လုံးချင်းဆုံမိပြီး နှစ်ယောက်လုံးတန့်သွားပေမယ့်  တစ်ယောက် မျက်လုံးထဲ တစ်ယောက်ကြည့်မိသည့်အခါ တစ်ခုခုကိုဖော်ထုတ်ရမည်ကိုလည်းကြောက်မိ ကြသေး၏။

ထို့ပြင် Arthit က ကျေးဇူးတင်သည့်အနမ်းလို့ပြောခဲ့ပေမယ့် ဒီထက်နက်နဲသော အဓိပ္ပာယ်ရှိမည်ကို မတွေးမိဘဲ မနေနိုင်။Kong ကိုယ်တိုင်သည်လည်း ဖွင့်မပြောပြခဲ့သော်လည်း နူးညံ့သော ဆုပ်ယူမှု တစ်ခုက ယခုဆိုလျှင် အကျင့် တစ်ခုဆီ ပြောင်းလဲသွားပြီဖြစ်သည်။  Arthit နှင့် အတူရှိချင့်သည့်အကျင့်.။ Arthtiကိုထိတွေ့ချင်သည့် အကျင့် ..။ Arthit အနားမှာပဲ နေလိုသည့်အကျင့်.။ သူ့စီနီယာလေးကို ကြည့်လိုက်မိတိုင်း အဲ့ဒီလည်ပင်းထက်မှာ မျက်နှာအပ်ပြီး ပင်လယ်ရဲ့အနံ့လေးကို ခံ စားရစေရန် တကယ်ပဲ ဆိုးဆိုးရွားရွားကို လိုချင်လှသည်။
-
-
-
Arthit က gear လေးကို အိမ်မှာပဲ ထားခဲ့ရန် Kong ကိုပြောလာသည်။ သူသည်လည်း စဉ်းစားရန်အချိန်လိုပြီး အိပ်ချင်ရှာမည် ဟုတွေးကာ Kong သူ့အတွက် အချိန်ပေးခဲ့သည်။

ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)Where stories live. Discover now