သူ့ကိုမြင်တော့ လက်လှမ်းပြပြီးအပြေးကလေးသူ့ဆီလာတဲ့ကလေးလေး။
"Heroဘယ်သွားတာလဲ"
"ဒီနားလေးတင်ပါ..လာဈေးတန်းသွားကြမယ်"
သူAkaiရဲ့လက်ကလေးကိုဆွဲပြီး ဈေးတန်းရှိရာဦးတည်လိုက်တယ်။
ညနေခင်းအချိန်ဈေးတန်းဆိုပေမယ့် တော်တော်လေးလူစည်ကားတယ်။ Akaiကတော့ မြင်သမျှကိုအထူးအဆန်းသဖွယ် လက်ညိုးလေးထိုးထိုးပြပြီး သူ့ကိုပြောနေတယ်။ သူ့ရဲ့ကလေးလေးက ဘုရင့်သားတော်တဲ့လား။ ဒါတောင်ကလေးလေးက စိတ်ချမ်းသာစရာမရှိရှာ။"Hero ကျွန်တော်ဟိုဟာလေးလိုချင်တယ်"
Akaiညွှန်ပြရာကိုကြည့်လိုက်တော့ ခါးမှာချိတ်တဲ့ အလှကျောက်စိမ်းပြားလေး။ သူAkaiလက်ကလေးကိုဆွဲပြီး ဈေးသည်ဆီဦးတည်လိုက်တယ်။
"ဒါလေးတစ်ခုဘယ်လောက်လဲ"
သူပုံစံတူကျောက်စိမ်းပြားလေးနှစ်ခုကောက်ကိုင်လိုက်တယ်။ ပြီးတော့ကျသင့်ငွေကိုပေးပြီး ချက်ချင်းဘဲ Akaiခါးလေးမှာချိတ်ဆွဲပေးလိုက်တယ်။ ကျန်တစ်ခုကို သူ့အင်္ကျီအတွင်းထည့်မယ်အလုပ်မှာ"Heroလည်းချိတ်လေ တူတူလေးဖြစ်ချင်လို့"
သူခေါင်းလေးညိမ့်ပြပြီး ခါးမှာချိတ်လိုက်တယ်။ အမှန်ဆိုသူအဆင်တန်ဆာတွေကိုမနှစ်သက်ပါဘူး။ ကိုယ်မှာဝတ်ဆင်ရတာကိုလည်းမကြိုက်ဘူး။ ငယ်ငယ်ကအမေဆင်ပေးရင်တောင်ပြန်ဖြုတ်ပစ်တက်တာလေ။ ခုတော့သူကိုယ်တိုင်လိုလိုလားလား ဖြစ်ခဲ့ပြီ။
သူတို့နှစ်ဦးဈေးတန်းထဲဆက်လျောက်ခဲ့ရင်း Akaiကတစ်စုံတစ်ယောက်ကို ငေးနေတာကိုသူသတိပြုမိလိုက်တယ်။ သူလိုက်ကြည့်လိုက်တော့ Akaiအရွယ်လောက်ကလေးငယ်လေးကဆီးသီးတုတ်ထိုးစားနေတာ။ သေချာတာပေါ့Akaiမျက်လုံးတွေက ဆီးသီးတုတ်ထိုးဆီမှာလေ။ သူဘေးဘီကိုမျက်လုံးဝှေ့ကြည့်လိုက်တယ်။ သူတို့နဲ့ခပ်လှမ်းလှမ်းမှာ ဆီးသီးတုတ်ထိုးသည်ကိုတွေ့လိုက်တော့ သူAkaiလက်ကလေးကိုဆွဲပြီးထိုအသည်ဆီသွားလိုက်တယ်။ ပြီးတော့ သုံးချောင်းဝယ်လိုက်ပြီးAkaiလက်ထဲထည့်ပေးလိုက်တယ်ဆိုရင်ဘဲ
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####