.................
"မိဖုရား San သေဆုံးတဲ့အမှုက မင်းနဲ့ပတ်သတ်သလား မိဖုရားကြီး"
"ကျွန်မနဲ့ ဘာမှမပတ်သတ်ပါဘူး ဒါက ကိုယ်လုပ်တော် Yuki ကြောင့်ဆိုတာ အားလုံးသိပြီးသားပါ အရှင်မင်းကြီး"
သူမက ကိုယ်လုပ်တော် Yuki ဆိုတဲ့နေရာမှာ အသံကို ဖိပြောလိုက်ကာ မင်းကြီးရဲ့ တမ်းတမှုကို ပိုမိုဖြစ်စေနေလေရဲ့။
"ဒါက မှားယွင်းစွပ်စွဲမှုတစ်ခု ဖြစ်နေခဲ့ရင်ရော"
"ဒါက အမှန်တရားပါဘဲ မိဖုရား San ရဲ့ အစေခံကိုယ်တိုင် ထွက်ဆိုခဲ့တာဘဲ"
"အစေခံရဲ့ ထွက်ဆိုမှုလေးနဲ့ ဒါဟာပြစ်မှု ကျူးလွန်သူပါလို့ ပြောလို့ရသလား"
ထိုအခါ Bara က မဲ့ပြုံးတို့ကို ဆင်မြန်းလိုက်လေပြီး
"အစေခံကလည်း အမှန်တရားကို သိနိုင်တာဘဲမို့ ပြောလို့ရပါတယ်"
သူမဟာ အောင်နိုင်သူ တစ်ယောက်လို ဝင့်ဝင့်ကြွားကြွား ရှိနေလေတယ်။ မင်းကြီးက ခေါင်းတဆက်ဆက် ညိမ့်လိုက်ကာ
" ကောင်းပြီ မင်းရဲ့နှုတ်ထွက်စကားကို မှတ်ထားပါ နောက်ထပ် စစ်သေနာပတိကြီးရဲ့ ဇနီး သေဆုံးမှုကရော"
ထိုစကားရဲ့ အဆုံးမှာ သူမဟာ တုန်လှုပ်လို့သွားခဲ့လေတယ်။ သူမတွေးထင်ခဲ့တဲ့ အထဲမှာ ဒီပြစ်မှု ပါနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါဟာ သူမဖခင်တောင် သိခဲ့တဲ့ ပြစ်မှုမဟုတ်လေဘူး။ သို့ပေမဲ့ Sen က အားလုံးကို ရှင်းလင်းပြီးပြီမို့ သက်သေလည်း မတွေ့နိုင်လေတော့ဘူးလို့ တွေးလိုက်ပြီး ပြန်အားတင်းလိုက်လေတယ်။
"စစ်သေနာပတိကြီး Sen ရဲ့ ဇနီးက ရောဂါကြောင့် ကွယ်လွန်တာပါ အရှင်မင်းကြီး ဒါကို ဘာကြောင့်များ ကျွန်မကို စစ်ဆေးနေရတာလဲ"
"စစ်သေနာပတိကြီးရဲ့ ဇနီးက ရောဂါကြောင့် သေဆုံးရတာ မဟုတ်ဘူး"
ထိုစကားကို ကြားတော့ Akai တို့ကလွဲလို့ အမတ်များနဲ့ မင်းသားတွေအားလုံးကပါ အံ့ဩလို့ ကုန်ကြတယ်။ Bara ဟာလည်း အံ့ဩသွားတဲ့ အမူအယာကို အပြည့်အဝ သရုပ်ဆောင်ထားလေရဲ့။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####