.............
"ထွက်သွားကြစမ်း နင်တို့အသက်တွေကို မနှမျောကြဘူးလား"
"မင်းကြီးရဲ့ အမိန့်ပါ"
စစ်ဆေးရေးမှူး တာဝန်ခံဖြစ်သူက မိဖုရားကြီးအား ရိုကျိုးစွာပင် ပြန်ဖြေပေမဲ့လို့ လက်အောက်ငယ်သားတွေကိုတော့ မိဖုရားကြီး၏ ခန်းဆောင်တွင်းရှိ ပစ္စည်းများအား သိမ်းဆည်းစေလေ၏။
"ငါ့ပိုင်ပစ္စည်းတွေကို ထိရဲရအောင် သတ္တိတွေ ရှိနေကြတာလား"
"စိုးရွံမိပါတယ် မိဖုရားကြီး"
Bara ရဲ့ ဒေါသများ အဆုံးစွန်ထိ ဖြစ်လို့နေလေပြီ။ ဒီနေ့မနက် ညီလာခံ၌ သူမအား အဆောင်အယောင်သိမ်းဖို့ရန် အမိန့်ချခဲ့လေတယ်။ သူမက ရုတ်တရက် ရာဇဝတ်သား ဖြစ်လို့လာလေတယ်။ စစ်ဆေးမှုမပြီးမချင်း မည်သူနှင့်မှလည်း တွေ့ခွင့်မရှိဆိုသော သတ်မှတ်ချက်နှင့်အတူပေါ့။
အားလုံးသိမ်းဆည်းလို့ အပြီးမှာတော့ သူမရဲ့ခန်းဆောင်ဟာ ဗလာကျင်းဖြစ်လို့ နေလေရဲ့။ စစ်ဆေးရေးမှူးဟာ သူမအား ခေါင်းညိမ့်အလေးပြုမှု ပြကာ ပြန်ထွက်သွားလေပြီ။ သူမခန်းဆောင် ရှေ့တွင်လည်း အစောင့်တပ်များက စောင့်ကြပ်မှု ပြုလုပ်လို့နေပြီ။
"နင်တို့တွေက ဘာမို့လို့လဲ ငါ့ကိုဒီလိုလုပ်ရအောင်ထိ ဘာအဆင့်ရှိကြလို့လဲ"
သူမ အိပ်ဆောင်အတွင်း၌ လက်သီးကိုသာ ကျစ်ကျစ်ဆုပ်၍ အမျက်ဒေါသများဟာလည်း လွန်ကဲလို့နေပြီ။
"Sen က ဘာလုပ်နေတာလဲ ငါ့ကိုဒီလို အခြေအနေဖြစ်အောင်ထိ ဘယ်လိုများ ခွင့်ပြုထားနိုင်ရတာလဲ အသုံးမကျတဲ့ အကောင်က"
စစ်သေနာပတိချုပ် ကိုသာ သူမ၏ မကျေနပ်မှုများက ဦးတည်နေလေရဲ့။
"အသုံးမကျတဲ့ Sen ကို ငါနဲ့မရ ရအောင် လာတွေ့ဖို့ သွားပြောချေ"
သူမဘေးရှိ နှစ်ဦးသာ ကျန်ခဲ့လေသော အစေခံအား အမိန့်ပေးကာ စစ်သေနာပတိချုပ်ထံ သတင်းပို့စေလေတယ်။
အစေခံငယ်ဟာ မိဖုရားကြီးရှေ့ကနေ အမြန်ပြေးထွက်ကာ စစ်သေနာပတိချုပ်ထံပြေးရလေတယ်။ တစ်ချက်တုံ့ဆိုင်းတာနဲ့ သူမအသက်ရှင်ခွင့်ရမှာ မဟုတ်ဘူးလေ။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####