....................
"နန်းရေးဝန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါ"
Hero နှုတ်မှ ဤစကားထွက်လာသည်တဲ့လား။ သူ မယုံကြည်နိုင်ပါ။ လက်မခံနဲ့လို့ပြောပေးပါ။ ငြင်းဆန်ပြစ်ဖို့ ပြောပေးပါ။ သူလိုချင်တာ Hero ရဲ့ တားမြစ်မှုပါ။ ဘာလို့ Hero က လက်ခံခိုင်းနေရတာလဲ။
ထိုစကား ပြောချိန်မှာ Hero ကသူ့အား ကြည့်မနေခဲ့။ ကျောပေး၍သာထား၏။ Hero က ကျွန်တော့် မျက်နှာကိုတောင် မကြည့်ချင်ဘူးလား။
"Hero တကယ်ပြောနေတာလား"
'မဟုတ်ဘူးလို့ ပြောပေးပါ။ ကျေးဇူးပြု ပြီး ။'
"တကယ်"
"Hero ကျွန်တော့် မျက်နှာကိုကြည့်ပြောပါ အခြားမိန်းမတစ်ယောက်ကို လက်ဆက်ဖို့ ကျွန်တော့်မျက်နှာ ကြည့်ပြောပေးပါ"
သူ Hero ကိုကြည့်နေမိတယ်။ အချိန်ကြာတဲ့ထိ လှည့်မလာခဲ့တဲ့ Hero ကိုပေါ့။ လှည့်မလာဖို့ မျှော်လင့်မိတယ်။ သို့သော် သူ့ဆန္ဒပြည့်ဝ မလာခဲ့ပါ။ Hero ကသူ့ဘက်သို့ လှည့်လာပြီး မည်သို့မှ မခံစားရတဲ့ မျက်နှာအနေအထားနှင့်
"မင်း Wai နဲ့ လက်ဆက်လိုက်ပါ ကိုယ်ခွင့်ပြုတယ်"
သူသိတာပေါ့ Hero ဟန်ဆောင်နေတာ။ ဘယ်လိုဘဲဖြစ်ဖြစ် မျက်လုံးတွေထိတော့ Hero ဟန်မဆောင်နိုင်ပါဘူး။ ဒါပေမဲ့ Hero ဆီက ဟန်ဆောင် ဥပေက္ခာ ပြုမှုကိုတောင် သူမလိုလားဘူး။
"Hero က ကျွန်တော့်ကို စွန့်လွှတ်တော့မယ်ပေါ့"
သူ့စကားကြောင့် Hero က တစ်ချက်ပြုံးလာကာသူ့ခေါင်းအား ဖွဖွပုတ်လျှက်
"အရူးလေး စွန့်လွှတ်စရာလား ဘယ်တော့မှ မစွန့်လွှတ်ဘူး မင်းဘေးမှာ အသက်ရှုသံတွေ ရပ်တန့်တဲ့ထိ တွယ်ကပ်နေမှာမို့ ပိုင်ဆိုင်ခွင့် မရှိရင်တောင် ဖျက်ဆီးပစ်ဖို့ မသင့်ဘူးလေ "
သူသိပါတယ်။ Hero နဲ့သူက ပေါင်းစပ်ဖို့ မလွယ်ကူဘူးဆိုတာ။ ဒီကိစ္စသာ ပေါက်ကြားခဲ့ရင် သူ့ရည်ရွယ်ချက်တွေလည်း ပျက်ဆီးသွားမယ်။ သူတင်မက Hero ပါ ပျက်ဆီးရလိမ့်မယ်။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####