...............
ညီလာခံရှိ အမတ်များက မင်းကြီးအား အိမ်ရှေ့စံ တင်မြှောက်ရန် အရေးဆိုကြလေပြီ။
"အရှင် နိုင်ငံမှာ အိမ်ရှေ့စံမရှိလို့ မတင့်တယ်ပါဘူး အရှင်မရှိတဲ့အခါ ပြဿ နာ များစွာ ဖြစ်လာနိုင်ပါသေးတယ်"
"အခု ငါကိုယ်တော် ကျန်းမာရေးကောင်းသေးတယ်"
"အရှင်မင်းကြီး အရှင့်ရဲ့သားတော်တွေလည်း အရွယ်ရောက်လို့ စွမ်းရည်လည်း ပြည့်ဝကြနေကြပါပြီ"
အမတ်တွေရဲ့ လျောက်တင်ချက်တွေကြောင့် သူတစ်ချက်ပြုံးလိုက်မိတယ်။
"အရှေ့ဘက်နယ်စပ်ကိစ္စကြောင့်လည်း ပြည်သူတွေရဲ့ထောက်ခံမှု အများအပြားရရှိထားကြပါတယ်"
ဒါတွေက အခြားမင်းသား သုံးပါးတင်သာ။ ပထမသားတော်ကြီးနဲ့ သူ့ရဲ့မယ်တော်ကတော့ နယ်နှင်ဒဏ်ပေးခံထားရလို့ အိမ်ရှေ့စံမဖြစ်နိုင်ပေ။ ဒါဆို သူ့သားငယ်ကို ဖယ်ကျင်ကြတဲ့သဘောပေါ့။
"ဒုတိယမင်းသားဆို ဥာဏ်အရည်အချင်းကလည်း အလွန်ထက်မြတ်ပါတယ်........."
အဟွန်း...ဒါဆို ဒုတိယမင်းသားကို အိမ်ရှေ့စံ မြှောက်ချင်ကြတဲ့ သဘောပေါ့။ နန်းရေးဝန်အမတ်ကပါ ထောက်ခံနေတာဆိုတော့ Bara ကြိုးကိုင်ပြန်ပြီလား။ (Baraဆိုတာ မိဖုရားခေါင်ကြီး အမည်ပါနော်)
"အရှင်မင်းကြီး စဉ်းစားပေးတော်မူပါ"
"အရှင်မင်းကြီး စဉ်းစားပေးတော်မူပါ"
အားလုံးနီးပါး ဒုတိယမင်းသားအတွက် ညီတူမျှတူ လျှောက်တင်နေကြတာလား။
သူမည်သည်မှ ပြန်မပြောဘဲ ညီလာခံသာ သိမ်းဆည်းလိုက်တယ်။
သူ့သားငယ်က အင်အားနည်းသေးတယ်။ အချိန်ယူဖို့လိုသေးတယ်။ အင်အား တောင့်တင်းလာတဲ့အချိန်ထိ သူဒီအရေးကို ညင်းပယ်လို့ရပါ့မလား။.........................
"Akai ဘာလုပ်ဖို့ ဒီကိုလာတာလဲ"
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####