#####
"ဘာဖြစ်နေတာလဲ"
Orochi ရဲ့ အမေးကို သူခေါင်းရမ်းပြကာ ညိမ်သက်စွာ ထိုင်နေမိတယ်။
"မင်း ပြဿ နာ တစ်ခုခုရှိနေလို့လား ဟိုကောင်လေးနဲ့က အသိလား"
"အသိဆိုတာထက် ပိုတယ်"
"ဟမ်...."
"ငါရဲ့ ကလေး ငါသူ့ကိုအရမ်းလွမ်းနေတာ သူကတော့ ငါ့ကိုမလွမ်းဘူးထင်တယ်"Hero ရဲ့ ဝမ်းနည်းစွာပြောနေပုံက Hero မှဟုတ်ရဲ့လားလို့တောင် သူထင်မိတယ်။ ဘယ်တုန်းကမှ Hero ကိုဒီပုံစံနဲ့ သူမမြင်ဖူးဘူး။ ဘယ်အရာက သူ့သူငယ်ချင်းကို ဒီလောက်ထိဝမ်းနည်း စေတာပါလိမ့်။ ဟိုကောင်လေးလား။
"ငါသူ့ကို လွန်ခဲ့တဲ့ လေးနှစ်လုံးလုံးရှာနေခဲ့တာ ..........."
Hero ရဲ့စကားတွေကို Orochi တစ်ယောက်ပါးစပ် အဟောင်းသားနဲ့သာ နားထောင်နေခဲ့တယ်။ သူနဲ့သိလာတဲ့ လေးနှစ်လုံးသူ ဒီအကြောင်းတွေကိုမသိခဲ့ဘူး။ Hero သူ့ဖခင်နဲ့ အစဉ်မပြေတာက သူ့မိခင်ကို မျက်ကွယ်ပြုခဲ့လို့ဘဲ ထင်ခဲ့တာ။ ဒီလိုကိစ္စကြီးတွေ ရှိခဲ့မှန်းသူမသိခဲ့ဘူး။
Hero ရဲ့မျက်လုံးတွေရဲလာပြီး အရောင်တွေလက်နေတယ်။ သူ့ရဲ့နှုတ်ခမ်းတွေကိုလည်း တင်းတင်းစေ့ထားတယ်။ သူ့ရဲ့လက်တွေကလည်း တင်းတင်းဆုပ်ထားတယ်။"မင်းအရမ်းခံစားရတဲ့ အခါမြိုသိပ်မထားနဲ့ ဖွင့်ချပစ်လိုက် ခုမင်းငိုချင်နေရင် ငိုပစ်လိုက်။ ငါနဲ့မင်းဘဲရှိတာ"
သူ Heroရဲ့ ပုခုံးကိုပုတ်ပြီးပြောလိုက်တယ်။"..."
"မင်း သူ့ကိုမေးလိုက်ပေါ့ ဘာကြောင့် စိတ်ဆိုးတာလဲလို့ "သူဒီအကြောင်းတွေကို ပြန်ပြောရင် အဟောင်းက အသစ်ဖြစ်ဖြစ်လာတယ်။
သူအခုဆို စစ်သူကြီးတစ်ယောက်လေ။ ဒါပေမယ့် Akaiနဲ့ ပတ်သတ်လာရင် သူ့အသည်းက ယုန်တစ်ကောင်ထက်ပိုငယ်တယ်။ သူရင်မဆိုင်ရဲဘူး။ စိမ်းကားတဲ့မျက်လုံးတွေကို။
ပြီးတော့ သူ့(Akai)မိသားစုကိုပျက်စီးစေခဲ့တာ သူ့ဖခင်။ ဘာဘဲပြောပြော အဲ့အချိန်မှာ သူရှိမနေခဲ့ဘူး။ သူမကာကွယ်နိုင်ခဲ့ဘူး။
ဘာကြောင့်ဆိုတဲ့ စကားကိုသူမမေးရဲဘူး။
ကိုယ့်ကိုမုန်းနေလားလို့ သူမမေးရဲဘူး။ မဟုတ်ဘူး အဖြေကိုရင်မဆိုင်ရဲတာ။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####