~My King~
"အမေ နေမကောင်းဘူးလား"
"ကောင်းပါတယ်သားရယ် ခေါင်းလေးနည်းနည်းမူးနေလို့ပါ"မိခင်ဖြစ်သူကို စိုးရိမ်တကြီးဖြစ်နေရှာသူ Akai။ Heroကတော့ Akai နောက်တွင်သာ ရပ်နေသည်။
"Akai ငါအပြင်ခဏသွားလိုက်ဦးမယ်"
Akaiခေါင်းလေးသာညိမ့်ပြလိုက်တယ်။
ပြီးတော့သူ့မိခင်ရဲ့ လက်ကလေးကိုဆုပ်ကိုင်ပြီး သူ့ပါးလေးနဲ့ ပွတ်သပ်နေတယ်။
"အရမ်းလွမ်းနေတာအမေ"
"အင်း အမေရောဘဲ သားလေးပညာကိုကြိုးစားသင်ယူနော်"
"ဟုတ်ကဲ့ သားကြိုးစားပါတယ်"
"သားလေး အနိုင်ကျင့်ခံရသေးလား"သူ့ခေါင်းလေးကိုအတွင်တွင်ခါရမ်းပြပြီး
"ဟင့်အင်း Heroရှိလို့ ကျွန်တော့်ကိုဘယ်သူမှ အနိုင်မကျင့်ရဲဘူး"
"သားလေးပျော်အောင်နေပါ သားလေးပျော်နေတာဘဲ အမေမြင်ချင်တယ်"
"ဟုတ်ကဲ့"သူမိခင်အား တစ်ခုခုပြောချင်နေသည်။ သို့သော်ပြောမထွက်ပေ။ မိခင်ကသိ၍
"သားလေး ဘာပြောချင်လို့လဲ ပြောလေ"
"ဟိုလေ...ခမည်းတော်က သားကိုတစ်ခါမှလာမကြည့်ဘူးလေ သားတော်ခမည်းတော်ကိုမြင်ဖူးချင်လို့"
သူ့စကားကြောင့် သူ့မိခင်မျက်နှာညိုးနွမ်းသွားကာ
"ခမည်းတော်က မင်းကြီးလေ သာမာန်အရပ်သားမှမဟုတ်တာကွဲ့ ပြီးတော့အမေကအပယ်ခံ ကိုယ်လုပ်တော်လေ"သူမျက်နှာနွမ်းကာ ခေါင်းလေးငုံ့သွားတော့
"သားလေး ခမည်းတော်ကိုစိတ်မညိုညင်ပါနဲ့ ဒီလမ်းကိုအမေကိုယ်တိုင်ရွေးခဲ့တာ သားလေးကိုနန်းတွင်းက အရှုပ်ထွေးတွေနဲ့ ကင်းဝေးစေချင်လို့ ခမည်းတော်ကခွင့်မပြုချင်ပေမယ့် အမေစိတ်ဆင်းရဲမှုတွေအများပြားထပ် ကြုံတွေ့နေရမှာဆိုးလို့ခွင့်ပြုခဲ့တာ"
သူမိခင်ဖြစ်သူအားခေါင်းသာ ညိမ့်ပြလိုက်တယ်။ ထိုအချိန် အစေခံမိန်းမကြီးနဲ့ သူနဲ့မတိမ်းမရိမ်းအရွယ်ကလေးတစ်ယောက်ဆေးနဲ့မုန့်အချို့ မိခင်အတွက် ယူဆောင်လာပေးတယ်။ သူကလေးငယ်ကိုကြည့်လိုက်ပြီး
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####