..................
ကျယ်ဝန်းလှတဲ့ နန်းတော်၏ လမ်းငယ်တစ်ခုတွင် အမျိုးသားနှစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံနေသော အခြွေအရံပါ အမျိုးသားတစ်ဦး။ ထိုအခြွေအရံပါ အမျိုးသားရဲ့ မျက်နှာထက်တွင် မကျေနပ်မှုတို့က အထင်းသား။ ထိုအမျိုးသားကတော့ အခြားသူမဟုတ် ဒုတိယ မင်းသားသာလျှင်ဖြစ်၏။ သူနှင့်တွေ့ဆုံနေသော အမျိုးသားနှစ်ဦးကတော့ အိမ်ရှေ့စံ Akai နှင့် စစ်သေနာပတိ Hero။
"အကိုတော် ကျန်းမာရဲ့လား"
Akai ရဲ့ အမေးစကားဟာ အခြားသူအနေနှင့်ဆိုလျှင် ပုံမှန် နှုတ်ဆက်စကားလေးတစ်ခွန်းသာ ဖြစ်ပေမဲ့လို့ ဒုတိယမင်းသား အတွက်ကတော့ လှောင်ပြောင်နေခြင်း လို့သာ ခံစားရလေတယ်။
"အိမ်ရှေ့စံရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးပါ"
သူ့ရဲ့ အသံဟာ မာထန်လို့နေလေတယ်။ မျက်နှာထားဟာလည်း တင်းမာနေပြီး သူရဲ့လက်ကို အနောက်သို့ ခါထုတ်ကာပို့လိုက်တယ်။ ဒါပေါ့ Akai က သူရယူမည့်နေရာကို လုယူထားသည်မဟုတ်ပါလား။
Akai က ဒုတိယမင်းသားရဲ့ အပြုအမူအား ပြုံးလျှက်သာဘဲ ကြည့်လို့နေလိုက်တယ်။ ဒုတိယမင်းသား ထိုသို့ပြုမူရဲသည်မှာ မထူးဆန်းပေ။ မိဖုရားခေါင်ကြီး Bara ကိုယ်တိုင်က သူ့နောက်မှာ ရှိနေသည်မဟုတ်ပါလား။
' မကြာစေရဘူး ဒုတိယမင်းသားရဲ့ ခံတပ်ကြီး ပျက်စီးစေရမယ်'
"မထိုက်တန်တဲ့ နေရာဟာ မတည်မြဲနိုင်ပါဘူး"
"မှတ်သားထားပါ့မယ်"
ဒုတိယ မင်းသားရဲ့ နှုတ်ဖျားမှ ထွက်လာသော စကားအား Akai ကအေးဆေးတည်ညိမ်စွာဘဲ ပြန်လည်တုံ့ပြန် လိုက်လေတယ်။ ဒုတိယမင်းသားက ထိုသို့ပြောပြီး ထွက်သွားလေခြင်းဖြင့် Akai အားပေါ်တင်ပင် ရိုင်းစိုင်းစွာ ပြုမူလေတယ်။
Hero ကတော့ မကျေနပ်စွာဘဲ
"သူ့ရဲ့ ရိုင်းပြမှုကို သိပ်မကြာခင် ပြုပြင်ပေးရမယ်"
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####