..................
Bara ရဲ့ နောက်ဆုံးတောင်းဆိုချက်အနေနဲ့ သူမရဲ့ သမီးဖြစ်သူနဲ့ တွေ့ဆုံခွင့်ရလေတယ်။
"သမီးတော် ဒီအမေ မတရား ခံရမှုအတွက် လက်တုန့်ပြန်ပေးပါ "
Bara ဟာ အင်မတန်မှ ဝမ်းပမ်းတနည်း ငိုကြွေးနေလေတယ်။ ဒီလိုငိုကြွေးနေမှုကို မည်သူတစ်ဦးတစ်ယောက်ကမှ တောင့်ခံနိုင်မှာ မဟုတ်လေဘူး။
"အမေ ဘာဖြစ်စေချင်လဲ"
ဒါဟာ သူမရဲ့ သမီးဖြစ်သူ မင်းသမီးငယ်ဆီက လိုချင်တဲ့ မေးခွန်းပါဘဲ။ သူမဒီနိုင်ငံအတွင်းက ထွက်ခွာရတော့မည်။ သူမဘက်တော်သား အမတ်အများစုက မိဖုရားကြီးနေရာ ရလာနိုင်သည့် မိဖုရားများထံ ပြေးဝင်ခိုလှုံကုန်ကြလေပြီ။ အနည်းငယ်သော အမတ်တွေဟာလည်း သူမအား လာရောက်နှုတ်ဆက်ခွင့်ပင် မရှိကြပေ။
"သူတို့ ပျက်ဆီးတာလိုချင်တယ် သူတို့မပျော်ရွှင်ရတာ လိုချင်တယ် Hero ကို Akai ဘေးကနေခွဲ ထုတ်ပြစ်လိုက် ဒါဆိုသူတို့အတွက် အားလျော့သွားမှာဘဲ"
"စိတ်ချပါ သမီးတော် အကောင်းဆုံးကြိုးစားပြီး ဖြစ်လာစေရပါမယ်"
သူမ သမီးထံမှ ထိုကတိတို့ကိုယူလျှက် သူမပျော်ရွှင်စွာ နိုင်ငံအတွင်းမှ ထွက်ခွာသွားလေတယ်။
ထိုမြင်ကွင်းကိုကြည့်ပြီး မင်းသမီးငယ်က သက်ပြင်းဖွဖွချကာ မျက်ရည်ဝေ့သော မျက်ဝန်းတို့နှင့် သူမရဲ့ မိခင်အား နှုတ်ဆက်လေရင်း တောင်းပန်စကားဆိုမိလေတယ်။
"မယ်တော် အေးချမ်းစွာနေထိုင်ပါ မယ်တော့်ရဲ့ အတ္တတွေကို ခဝါချလိုက်ပါ ဒီသမီးက မယ်တော်ခိုင်းစေတဲ့ လက်တုန့်ပြန်မှုကို ပြုလုပ်မှာမဟုတ်တဲ့ အတွက်ခွင့်လွှတ်ပါ ဒါဟာ အားလုံးငြိမ်းချမ်းစေဖို့ပါ"
ထိုစဉ် သူမပုခုံးအား ဖွဖွ လာရောက်ထိကိုင်လာတဲ့ လက်တစ်စုံ။ ထိုလက်ပိုင်ရှင်ဟာ သူမချစ်မြတ်နိုးရလေသော အရှေ့ပိုင်း စစ်သေနာပတိရဲ့ သားဖြစ်သူပင်။ သူမရဲ့ ချစ်ရသူက သူမအားအပြုံးတစ်ပွင့် ပေးစွမ်းလာချိန်မှာတော့ ထိုသူရဲ့ ရင်ခွင်ထဲ ဝင်ရောက်ကာ ငိုကြွေးမိပါ၏။ ပြည့်စုံပါပြီ ။ ရှင်သာ ဘေးနားရှိနေခဲ့ရင်။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####