မြူနှင်းတွေ ဝေနေတဲ့အချိန်ကာလ ချမ်းချမ်းစီးစီးနှင်းတွေကြားမှာ Mizuနိုင်ငံရဲ့စာသင်ကျောင်းတော်ဝင်းထဲ 10နှစ်ခန့်ကောင်လေးတစ်ယောက် တံမျက်စည်းတစ်ချောင်းနဲ့ အမှိုက်တွေကိုလှည်းကျင်းလျက်ရှိတယ်။ကောင်လေးရဲ့ပုံသဏ္ဍာန်မှာ ဖြူဖြူသေးသေးလေးဖြစ်ပြီး ချမ်းအေးလွန်းလို့သူ၏အနီရောင်နှုတ်ခမ်းများမှာ အပြာရောင်ပင်သမ်းနေလေပြီ။ သူ၏မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များလျက်သမ်းလျက်ရှိသည်။ ထိုကောင်လေးမှာ အခြားသူတော့ မဟုတ်ပေ။ Mizuမင်းကြီး၏ ကိုယ်လုပ်တော်မှမွေးဖွားသော အငယ်ဆုံးသားတော် Akai ။ Akaiမှာ ဘုရင့်သားတော်ဟုသာအမည်ခံရှိပြီး မှုးမတ်များ၏သားများအနိုင်ကျင့်တာကိုပင် ခံရသောသူဖြစ်သည်။သူ၏မိခင်မှာအပယ်ခံကိုယ်လုပ်တော်ပင် ဖြစ်၍နေပေသေးသည်။ မင်းသားအမည်သာခံကာ နန်းပြင်တွင်သာနေရသည်။ အခြားမင်းသားများက အချော့တော်၊အချီတော်၊ အယတော်၊အထိန်းတော်တွေနှင့် နေရချိန်တွင် မိမိမှာမိခင်တစ်ဦးတည်းသာ အားကိုးရာရှိသည်။ဖခင်မင်းကြီးတွင် သားတော်ငါးပါးနှင့်သမီးတော်ငါးပါးရှိလေသည်။အခြားသားတော်များမှာ မိဖုရားများမှဖွားမြင်ကြသည်။ မိဖုရားခေါင်ကြီး မှာတော့ သမီးတော်တစ်ပါးသာဖွားမြင်ထားလေသည်။အိမ်ရှေ့စံဟူ၍သတ်မှတ်ထားသူမရှိသေးပေ။ သို့သော်သူ့အတွက်အိမ်ရှေ့စံဆိုသောနေရာမပြောနှင့် အသိအမှတ်ပြုခံမင်းသားဖြစ်ဖို့ပင် ဝေးလွန်းလှသည်။ ယခုမူသူ၏အသက်10နှစ်အရွယ်သို့တိုင်ပေပြီ။ နန်းတော်ဆိုသောနေရာသို့ ခြေဦးပင်မလှည့်ဖူးချေ။ စာပေသင်ကြားရန်မိခင်က ဤကျောင်းတော်သို့ပို့ပေးခဲ့သည်။ ဤကျောင်းတော်က မင်းမှူးမတ်သားများနှင့် သူဋ္ဌေးသူကြွယ်သားအများစုတက်ရောက်ကြသည်။ ထိုသူများကပင် Akaiအားအနိုင်ကျင့်ကြသည်။ လှောင်ပြောင်ကြသည်။ မနက်တိုင်းတံမျက်စည်းလှည်းခြင်းကို Akaiကိုသာခိုင်းစေကြသည်။
ဆရာတွေကရော၊လစ်လျှူရှုရက်ကြသည်။ ဒါပေါ့Akaiက ပညာသင်စရိတ်တောင် အမေကနန်းတွင်းထောက်ပံ့ငွေအနည်းငယ်ထဲက စုထားရတာ။ ဆရာတွေကို ပေးဖို့မတက်နိုင်ဘူးလေ။ အချို့ဆရာတွေက ကျောင်းသားမိဘတွေနဲ့ ပြဿ နာ မတက်လိုကြလို့ မမြင်ချင်ယောင်ဆောင်လေ့ရှိတယ်။
သူ့လက်တွေထုံကျင်နေပါပြီ။ ဒါပေမယ့်သူနားလို့မဖြစ်ဘူး။ အချိန်မှီမပြီးရင် ပြဿ နာ ရှာတာခံရလိမ့်မယ်။ ဒါဘယ်လိုဘဝမျိုးလဲ။ ဆိုးဝါးလွန်းတယ်မဟုတ်လား။သူမျက်ရည်တွေမကျချင်ပါဘူး။အရှုံးမပေးချင်ပါဘူး။ ဒါပေမယ့်သူမျက်ရည်တွေအလိုလို ကျလာတယ်။ ဒါအရှုံးပေးနေတာတော့မဟုတ်ပါဘူး။
သူအမှိုက်လှည်းနေရာသို့ ကောင်လေးတစ်ယောက်တံမျက်စည်းကိုကိုင်ကာပြေးလာသည်။ပြီးတော့သူ့အားအချိုသာဆုံးပြုံးပြကာ
"ငါလှည်းလိုက်တော့မယ် မင်းနားလိုက်လေ"
သူထိုကောင်လေးကိုသူမှင်သက်စွာကြည့်နေမိသည်။ သူ့အတွက်ဒီအပြုံးမျိုးကို သူ၏မိခင်မှလွဲ၍မည်သူကမျှမပေးဖူးပေ။ ထိုကောင်လေးမှာအသက်14နှစ်ခန့်ရှိမည်ထင်သည်။ အရပ်အမောင်းကသူ့ထက်များစွာသာလွန်ပြီး အသားညိုညိုနှင့်ခန့်ညားတဲ့ မျက်နှာမျိုးပိုင်ဆိုင်သည်။ သူ့အားပြုံးပြတော့ လက်ခနဲပေါ်လာတဲ့ ပါးချိုင့်ရှည်ရှည်။
"ဘာလို့အဲ့လောက်ကြည့်နေတာလဲ ငါမင်းလောက်မချောပါဘူး"
သူထိုအခါမှသာသတိရပြီး ခေါင်းကိုတွင်တွင်ခါရမ်းပြမိသည်။ သူကရယ်ကာ
"မင်းမျက်ရည်တွေသုတ်လိုက်ဦး တော်ကြာခဲကုန်ဦးမယ်"
BINABASA MO ANG
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####