................
ဒုက္ခသည် စခန်းသို့ ရောက်သွားချိန်၌ မြင်ရသည့် မြင်ကွင်းက စိတ်မချမ်းမြေ့ ဖွယ်။ တစ်နေ့ တစ်ကြိမ်စားရဖို့ အရေးကို တန်းစီစောင့်နေရသော လူတန်းရှည်ကြီးနှင့်။ စားရသည်က ဆန်ပြုတ်ရေပေါပေါ များသာ။ ဒုက္ခသည်စခန်းမှ လူများအားလုံးနီးပါးက လူရုပ်ပင် မပေါ်နိုင်ရှာတော့ဘဲ ညစ်ပတ်ပေရည်လျက် ပိန်လှီနေကြလေသည်။ Akai ထိုအခြေ အနေကိုကြည့်ရတာ စိတ်မသက်သာလှပေ။ ဒီလိုအခြေအနေကနေ ပြောင်းလဲသင့်တယ်။ ဒီပြဿ နာ ကိုအမြန်ဖြေရှင်းသင့်တယ်။
"မင်း အမေကို မှတ်မိနိုင်ပါဦးမလား"
Hero ရဲ့ အမေးစကားကြောင့် Momo က အလျင်အမြန်ခေါင်းညိမ့်ကာ
"ကျွန်မ မှတ်မိနိုင်ပါတယ်"
သူတို့ Momo ကိုပါ ခေါ်လာသည့် အကြောင်းအရင်းမှာ အစေခံအမျိုးသမီးအား အလွယ်တကူရှာဖွေနိုင်ရန်ဖြစ်သည်။
"ဒါဆို အမြန်ဆုံးရှာခဲ့ပါ တွေ့ခဲ့ရင် မင်းရော မင်းအမေကိုပါ လုံခြုံတဲ့ နေရာကိုခေါ်သွားပေးမယ်"
Hero ကမှာကြားလိုက်ပြီး သူမနောက်ကို နောက်လိုက် အနည်းငယ်ထည့်ပေးလိုက်တယ်။
"Hero အခု ဒီနယ်မြေက Hero လက်ထဲမှာမလား"
"အင်း"
"ကျွန်တော် ဒီမြင်ကွင်းတွေ မြင်နေရတာ စိတ်မချမ်းသာဘူး "
"ကိုယ် ဖြေရှင်းလိုက်မယ် ဒါပေမဲ့ အချိန်နည်းနည်း ယူရလိမ့်မယ်"
ပြောရင်း သူတို့ ဆက်လျောက်လာခဲ့တယ်။ တစ်နေရာအရောက်တော့ ကလေးတွေ
"Bara က မနာလို မိဖုရားများအသက်တို"
ကလေးတွေရဲ့ သီဆိုသံ ကို ကြားလိုက်ရတော့ သူတို့နှစ်ယောက်ရဲ့ ခြေလှမ်းများ ရပ်တန့်လို့သွားခဲ့တယ်။ နန်းတွင်းရေး ပြဿ နာ တွေက နယ်စပ်ဒေသဒုက္ခသည် စခန်းက ကလေးတွေထိ သိနေတာလား။ ကလေးတွေအား ပြောပြမည့်သူ ရှိနေ၍သာ။ ထိုသူဟာ မိဖုရား San ရဲ့ အစေခံ သာဖြစ်ဖို့ သေချာသလောက်ပင်။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####