....................
မျက်နှာတွင် အမာရွတ်အပြည့်နဲ့ လူတစ်ဦးနဲ့ အမျိုးသားတစ်ဦး မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေသည်။လက်ထဲ၌ ဓားပျော့တစ်ချောင်း ရှိနေသော အမျိုးသားကတော့ စစ်သူကြီး Hero ပင်။ပုန်ကန်သူခေါင်းဆောင်ကရဲ့ လက်ထဲ၌လည်း ဓားတစ်ချောင်းကိုင်ထားပေမဲ့ မတ်မတ်ပင်သေချာ မရပ်နိုင်ရှာပေ။
"ငါက ပုန်ကန်သူခေါင်းဆောင်ဆိုတော့ အရမ်းထက်မြတ်မယ် ထင်ထားတယ် ဒီလောက်ညံ့မှန်းမသိခဲ့ဘူး ဟ..ဟ.."
သူ၏ မထိတထိ ရယ်သံနှင့် စကားကြောင့် ပုန်ကန်သူခေါင်းဆောင်ရဲ့ မျက်နှာဟာ ဒေါသကြောင့် နီရဲလို့လာလေတယ်။ ထို့နောက် မီးဝင်းဝင်းတောက်နေသော မျက်လုံးများနဲ့ သူ့အားကြည့်ကာ
"မင်းတော်ပါတယ် ဒါပေမဲ့ ငါညံ့လို့မဟုတ်ဘူး မင်းက...အောက်တန်းကျတယ်"
"ဟား..ဟား..ပြောပါဦး ငါဘာလုပ်မိလို့လဲ"
"မင်းသိထားစမ်း ငါမရှိလို့လဲ ငါ့အဖွဲ့က ပျက်ဆီးမသွားဘူး"
"ဟုတ်လား"
ထိုသူရဲ့ စကားကြောင့် Hero ကခနဲ့ပြုံးပြုံးလျက်
"အခုလောက်ဆိုရင် မင်းစခန်းကလူတွေ မြေပြင်မှာဘဲ လူးလွန့်နေမလား ပြေးလွှားရင်းဘဲ ငါ့လူတွေ သတ်လို့သေမလား မင်းမြင်ယောင်ကြည့်စမ်း"
"မင်း..မကောင်းတဲ့ကောင်"
ပြောရင်း Hero ဆီသို့ သူ့ဓားကို ဦးတည်လိုက်တယ်။ သို့ပေမဲ့ သူ့ရဲ့ဓားကိုင်တဲ့လက်သာ ပြတ်ရှရာ ရလိုက်ပြီးဓားမှာ လွတ်ကျသွားလေတယ်။ Hero ကတော့ တည်ငြိမ်စွာရပ်နေဆဲ။
"ဟုတ်တယ် ငါကမကောင်းတဲ့ကောင်ဘဲ"
Hero က သူ့ဓားသူသာတို့ထိ ကြည့်လျက် ခံစားချက်မဲ့စွာ စကားဆိုလေတယ်။
ငါဘာဖြစ်ဖြစ်လုပ်မှာ။ ဘယ်နည်းလမ်းဖြစ်ဖြစ် ငါသုံးမှာ။ ဒီအရေးကိစ္စအောင်မြင်ရင် ငါလိုချင်တာဖြစ်လာမှာ။ ဒါဆိုသူ့အတွက်အသုံးဝင်မယ်။ ငါ့မျက်လုံးထဲမှာ သူကလွဲပြီး ဘာမှမရှိဘူး။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####