"ဟာ ဟေ့လူပိုက်ဆံပေးလေ"
အသက်18နှစ်အရွယ်ကောင်လေးက သူ့ပစ္စည်းများအား အခကြေးငွေမပေးဘဲ ယူဆောင်သွားသူအားလှမ်းအော်လိုက်တယ်။
ထိုလူက ဂရုမစိုက်စွာဘဲ ရှေ့ဆက်သွားတော့ ထိုကောင်လေးက အမှီပြေးလိုက်ကာ ရှေ့မှပိတ်ကာရပ်လိုက်လေတယ်။
ပြီးတော့ လက်ဝါးတစ်ဖက်ဖြန့်ကာ ပြတော့"ဘာလဲ"
"ခင်ဗျား ကျွန်တော့်ပစ္စည်းတွေယူသွားပြီး ကျသင့်ငွေတော့ ပေးသင့်တာပေါ့"
"ကောင်လေး ငါ့ရှေ့ကဖယ်စမ်းပါ"
"ကျသင့်ငွေ မပေးချင်ရင်လည်းကျွန်တော့် ပစ္စည်းပြန်ပေးခဲ့ပါ"ကောင်ငယ်လေးက ထိုလူ့လက်ထဲက ဝါးပုလွေအား ကြည့်ကာပြောလိုက်တယ်။
ထိုလူက မဲ့လိုက်ပြီး"မင်းကငါ့ဆီက အခကြေးငွေတောင်းနေတာလား ဟ ဟ "
"ဟုတ်တယ်"
"မင်းသေချင်ပြီ ထင်တယ်"ကောင်ငယ်လေးအား သူနှင့်အတူဈေးရောင်းနေသော ကောင်လေးက လာဆွဲခေါ်လေတယ်။ ကောင်ငယ်လေးက လက်ဖယ်ချပြစ်ကာ
"ဒါဆိုလည်း ကျွန်တော့်ပစ္စည်းပြန်ပေးခဲ့ပါ"
"မပေးနိုင်ဘူး ဆိုရင်မင်းဘာလုပ်ချင်လဲ"
"ကျွန်တော်လူမရိုက်ချင်ဘူး"
"ဟား ဟား ဟား မင်းလိုအလှလေးက ငါ့ကိုရိုက်မှာလား"ထိုလူက သူ့ရှေ့ရှိကောင်လေးအားကြည့်ကာ ရယ်မောသည်။ ဘေးမှကြည့်နေသူများကလည်း မည်သည့်စကားတစ်ခွန်းမှဝင် မပြောရြဲကပေ။
ထိုလူ့အကြောင်း တစ်ဈေးလုံးသိကြသည်။"ကျွန်တော့်ကို ပြန်ပေးပါ"
"လာလေ ငါ့လက်ထဲကနေလာယူ ယူနိုင်အောင်ယူနော် မယူနိုင်ရင် မင်းကိုပါငါယူရလိမ့်မယ်"
"ပြန်ယူပြီးတော့ ခင်ဗျားကိုပါရိုက်ဦးမှာ"ပြောရင်းနှင့် သူ၏ခြေထောက်တစ်ဖက်ကို လှုပ်ရှားလိုက်တယ်ဆိုရင်ဘဲ ထိုလူဒူးကွေးကျသွားတော့တယ်။ ထိုလူက အံသြ သွားဟန်ကြည့်နေပြီး ချက်ခြင်းတန်ပြန်တိုက်ခိုက်တယ်။ ဒါပေမယ့်သူကန်ဆိုးစွာဘဲ ကောင်ငယ်လေးက လေ လိုဘဲလျှင်မြန်လွန်းတယ်။
ထိုလူက ကောင်ငယ်လေးမျက်နှာဆီ လက်သီးတစ်ချက်ထိုးလိုက်တယ်ဆိုရင်ဘဲ သူ့ရဲ့လက်တွေက လိမ်ချိုးခြင်းခံလိုက်ရတယ်။ သူနာလွန်းလို့ မျက်ရည်ပါကျချင်လာတယ်။
YOU ARE READING
My King
Historical Fictionသူ့အတွက်ဆိုရင် ငါသေပေးရမယ်ဆိုရင်တောင် အဆုံးမရှိသေရဲတယ် အခြားသူတွေအသက် သတ်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုဘူး။ . . . . #####