Part-27

5.5K 411 4
                                    

.....................

"သား​တော်​ နန်း​ရေးဝန်​ရဲ့ ကမ်းလှမ်းချက်​ကို လက်​မခံချင်​ဘူးလား"

မင်းကြီး Takon ရဲ့အ​မေးစကား​ကြောင့်​ Akai ​တော့မည်​သို့ ​နေမည်​မသိ။ ​ဘေးမှ Hero က​တော့ စိတ်​မသက်​သာလှပါ။ ဒီကမ်းလှမ်းချက်​က မငြင်းသင့်​​သော ကမ်းလှမ်းမှုဆိုသည်​ကို နန်းတွင်းရှိ က​လေးကအစ သိကြသည်​​လေ။

"သား​တော်​ သူမကိုမနှစ်​သက်​ဘူး"

Akai ရဲ့ အ​ဖြေ​ကြောင့်​ မင်းကြီးက ပြုံး၍သွား​လေတယ်​။

"သား​တော်​ ခမည်း​တော်​​နေရာက မချစ်​မနှစ်​သက်​သူကိုလည်း ချစ်​ခင်​ပြရတယ်​ ချစ်​တဲ့သူကိုလည်း မုန်းပြရတယ်​ ဒီသ​ဘောတရား​တွေကို လက်​ခံနိုင်​ပါ့မလား"

"........"

မင်းကြီး​ပြောတာ မှန်​သည်​ကို သူလက်​ခံမိ၏။ Akai က​ရော လက်​ခံနိုင်​ပါ့မလား။ ဒီလိုမျိုး လက်​ခံရတာက သူ့အတွက်​ တကယ်​နာကျင်​တယ်​။သူ့လိုဘဲ Akai လည်း နာကျင်​ရမည်​ကို​တော့ သူ မလိုလားပါ။

"သား​တော်​ စဉ်းစားပါ ပိုင်​ဆိုင်​ချင်​စိတ်​ များ​လေ ပိုနာကျင်​ရ​လေဘဲ တစ်​ခုကို လိုချင်​တဲ့အခါ တစ်​ခုကစွန့်​လွှတ်​ရစမြဲဘဲ ဘယ်​သူကများ နှစ်​ခုလုံးရယူနိုင်​ဖို့ထိ ကံ​ကောင်းနိုင်​ပါ့မလဲ"

"သား​တော်​မှာ ချစ်​ရသူရှိတယ်​"

"ခမည်း​တော်​ မသိဘူးထင်​လို့လား"

မင်းကြီး Takon က Hero အားကြည့်​ကာ ပြုံးလျှက်​ ​ပြောလာတယ်​။ Hero မင်းကြီးအား မကြည့်​ဝံ့ပါ။ အဘယ်​​ကြောင့်​ဆို သူက Akai ရဲ့ ​အောင်​မြင်​မှုကို ​နှောက်​​နှေး​စေသူမဟုတ်​ပါလား။

"သား​တော်​ရဲ့ အချစ်​​ရေးကို ခမည်း​တော်​ ဝင်​မစွတ်​ဖက်​ချင်​ဘူး သား​တော်​ချစ်​ချင်​တဲ့သူကို ချစ်​ခွင့်​ရှိတယ်​ တကယ်​လို့ သား​တော်​ချစ်​တဲ့သူက ပြည်​သူ​တွေလက်​မခံနိုင်​တဲ့သူ ဖြစ်​​နေခဲ့ရင်​​တော့ အားလုံးအတွက်​ အဆင်​​ပြေမဲ့သူကို ​ရွေးချယ်​သင့်​တယ်​ သား​တော်​ချစ်​တဲ့သူကို မထိခိုက်​​စေဖို့ ကအ​ရေးကြီးဆုံးဘဲ"

My King Where stories live. Discover now