စက္ကန့်အရွေ့တိုင်းမှာ တချက်ချက်မြည်သော နံရံပေါ်မှနာရီကို သူတစ်ချက်မော့ကြည့်မိသည် ။
တက်ဖြုတ်ထားရကောင်းမလားဟုတွေးမိပြီးမှ ချက်ချင်းပဲခေါင်းယမ်းကာ လက်လျော့လိုက်ပါသည် ။
တကယ်တော့ တန်ဖိုးကြီးတိုင်းတပါးနိုင်ငံထွက်နာရီက လှုပ်ရှားမှုကော အသံထွက်ပါသိမ်မွေ့နူးညံ့ပါပေသည် ။ သို့သော် သက်ရှိဆိုလို့ကိုယ်တစ်ယောက်သာရှိသည့် တိုက်ခန်းကျယ်ထဲ ရေတစ်ပေါက်ကျသံပင်ကြားနိုင်ရလောက်သည့် တိတ်ဆိတ်ခြင်း၌ နာရီ၏စက္ကန့်လက်တံရွေ့လျားသံကပင်ကျယ်လောင်လွန်းနေခဲ့ခြင်းသက်သက် ။
အထပ်ထပ်ကြည့်ပြီးသားဧည့်ခန်းကိုပင် နောက်တဖန်မျက်စိရွှေ့လျက်လျောက်ကြည့်မိသည် ။ စုံလင်လိုက်တာ ။ပြည့်စုံလိုက်တာ ။ နှစ်ဖက်အမေတွေပေါင်းပြီးလိုမယ်ထင်တာတွေဖြည့်ဆည်းပေးထားတာထင်ပါရဲ့ ။ ပြည့်စုံလွန်းလို့မျက်စိတွေတောင်နောက်ယူရတယ်ဆိုတာမျိုး ။
ဘယ်နှစ်လက်မအတိုင်းအတာရှိမှန်းပင်မသိတော့သော နံရံကပ်ဖန်သားပြင် ရုပ်ရှင်ရုံတစ်ခုလို speaker box တွေကိုလည်းတဖက်တချက်ကနံရံတွေမှာချိတ်ဆွဲလို့ ။
အိမ်တွင်းအလှပန်းပင်တွေကကောဘယ်နှစ်အိုးပါလိမ့် ။ ကြွေအိုးတွေနဲ့ထည့်ထားလိုက်တာ ။ luhan တို့အိမ်မှာသာဆိုရင်ကွဲလို့လောက်မှာမဟုတ် ။
'' ပိုက်ဆံမတတ်နိုင်တာလဲမဟုတ်ပဲ ပစ္စည်းအကောင်းစားမသုံးနိုင်တာငါတို့အိမ်ပဲရှိမယ် မွေးထားမိတာမျောက်သုံးကောင်ဖြစ်နေတော့လည်း ''
အသိမိတ်ဆွေအိမ်တွေမှာ အသုံးအဆောင်ပစ္စည်းလှလှလေးတွေအသစ်အဆန်းလေးတွေတွေ့လာတိုင်း မေမေငြီးငြူ နေကျစကား ။
မေမေ့ခမျာမိန်းမသားပီပီ အိမ်ထောင်မှုပစ္စည်းလှလှလေးတွေသုံးချင်ရှာပေမယ့် မွေးထားမိတာက သားတွေချည့် ။ luhan ရယ် luhan အောက်ကအမြွှာနှစ်ကောင် Jongdae နဲ့ Jingin ရယ် မေမေပြောသလိုပဲမျောက်သုံးကောင် . . သုံးကောင်လုံးကလည်း ဘောလုံးဝါသနာကြီးလှကာ အိပ်နေရင်းတောင်ခြေထောက်ကတော့လှုပ်နေရမှဆိုတဲ့လူတွေချည့်ဆိုတော့ကာ ဘာပစ္စည်းမှမခံနိုင် ။
YOU ARE READING
အချစ်၏နာမတော်အားဖြင့်||completed||
FanfictionHUN×HAN OTP ဖြစ်ပါတယ် တခြား RL များထဲသို့မထည့်ဖို့တောင်းဆိုပါတယ်