အခန္း (၂၁)

7.3K 882 131
                                    

ကိုယ့်ကိုကံကောင်းသည်ဟုဆိုကြသည် ။ ဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ ပွဲချင်းပြီးတောင်သေလောက်သည့် ပြင်းထန်သောဒဏ်ရာတွေကိုရခဲ့သတဲ့ ။ ဒါပေမယ့် ကိုယ်မသေခဲ့ ။

ဆေးရုံကိုရောက် ခွဲစိတ်ပြီးတော့လည်း ပြန်ကောင်းလာဖို့အခွင့်အလမ်းသိပ်နည်းသည့်အနေအထားမျိုး ဖြစ်ခဲ့သည်တဲ့ ။ ဒီလောက်မြန်မြန်သတိရလာလိမ့်မယ်လို့ ဆရာဝန်တွေကိုယ်တိုင်တောင်မထင်ခဲ့ဘူးဟုဆိုကြသည် ။

ကံကောင်းသတဲ့ . . ဟုတ်သလား မဟုတ်သလား ကိုယ်သေသေချာချာမသိပါ ။ စိတ်ချလက်ချထွက်သွားပစ်လိုက်ဖို့အတွက် နောက်ဆံတင်းစရာတွေသိပ်များလွန်းနေလို့ မသေနိုင်ပဲ သတိပြန်လည်လာတာလဲဖြစ်ချင်ဖြစ်မှာပေါ့ ။

မပြောတတ်နိုင်ဘူးလေ ခုလောလောဆယ်မှာတော့ ကိုယ်ဟာ Oh Sehun ဆိုတဲ့အမည်နာမတစ်ခုကို ကိုယ်ပိုင်ဆိုင်ပါတယ်ဆိုတာတောင် တပါးသူပြောလို့သာ သိရှိလက်ခံခွင့်ရထားတာမဟုတ်လား ။

ကိုယ်ကိုယ်တိုင် ကိုယ်အင်အားနဲ့တော့ဘာကိုမှစဉ်းစားလို့မရ ။ ဘာကိုမှအစီအစဉ်တကျမမှတ်မိ ။ လူတွေ နေရာတွေ အကြောင်းအရာတွေကို ရင်းနှီးနေသလိုလိုရှိပေမယ့် တကယ်တမ်းသေသေချာချာစဉ်းစားလိုက်ရင်ဘာကိုမှမသိတော့ပြန် ။ အစအနလေးတွေကပေါ်လိုက်ပျောက်လိုက် ။

ကိုယ့်အတွေးတွေက နေပူပူမှာမြင်ရတဲ့ တံလျပ်လို ကလေးတွေဆော့ကစားတဲ့ ဆပ်ပြာပူဖောင်းလေးတွေလို ။

ရှိနေတယ်ထင်ရပေမယ့် အနားတိုးကပ်မိရင် မရှိတော့ပြန်တဲ့ တံလျပ် ။ ထိတွေ့ဖို့ကြိုးစားလိုက်တာနဲ့ ဖောက်ကနဲပျောက်ကွယ်သွားတတ်တဲ့ ဆပ်ပြာပူဖောင်း ။

ကိုယ့်ခေါင်းထဲမှာသွေးတွေအများကြီးထွက်ခဲ့တယ်တဲ့ ။ ကိုယ့်ဦးနှောက်သွေးကြောလေးတွေပေါက်တဲ့ဟာကပေါက် ။ သွေးခဲတွေသွေးရည်တွေအချိန်ကြာကြာပိညှပ်ဖိစီးတဲ့ဟာကဖိစီးနဲ့ ။ အဲ့ဒီဒဏ်တွေကြောင့် ကိုယ့်အသိစိတ်ကပုံမှန်ပြန်မဖြစ်သေးဘူးတဲ့ ။

ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းတော့ . . ပြန်သတိရလာတာမျိုးလဲဖြစ်နိုင်သလို . . . အင်း . .

အချစ်၏နာမတော်အားဖြင့်||completed||Donde viven las historias. Descúbrelo ahora