ကျောင်းဆောင်တစ်ခုအတွင်းမှသုံးယောက်တွဲ၍ထွက်လာသည်မှန်သော်လည်း Kyungsoo ဆိုသည့်ကောင်လေးက ခဏရပ်ကာတစုံတခုကိုပြောပြီးလျင်လမ်းခွဲ၍ထွက်သွားခဲ့သည် ။
ကျန်နေခဲ့တာက Luhan နဲ့ Baekhyun နှစ်ယောက်သာ ။ တစ်ယောက်နဲ့တစ်ယောက်တွန်းကာတိုးကာ ပခုံးချင်းတိုက်ကာ ရယ်မြူးရွှင်ပြလျက်လျောက်လာကြသူနှစ်ဦး ။
ငယ်သူတွေချည့်မို့ အသွင်လေးတွေကလန်းဆတ်သည် အပြုံးတွေပေါ့ပါး၍ အမူအရာတွေကလွတ်လပ်သည် ။ သူငယ်ချင်းဆိုသည့်အသိနဲ့ပဲလား ပခုံးဖက်ပစ်ဖို့လည်းဝန်မလေးသလို ပါးပြင်သို့ထိလုနီးနားနားကပ်၍တီးတိုးစကားပြောပစ်ဖို့လည်းဝန်မလေး ။
ကားနားရောက်ခါနီးအထိ တတွတ်တွတ်ထိုး၍မပြီးကြသေးသော နှစ်ယောက်က လမ်းခွဲခါနီးမှာခေါင်းချင်းဆိုင်လျက်ရယ်မောလိုက်ကြသေးသည် ။
အင်း . .
အပျော်တွေကူးစက်ကာကိုယ်ပါငယ်မူပြန်ချင်လာရလောက်အောင်ပါပဲ . . Sehun ကပဲသိပ်ကြီးရင့်နေခဲ့ပြီလား ကိုယ့်မှာဒီလိုအမူအရာတွေပျောက်ဆုံးနေခဲ့တာဘယ်အချိန်ကာလထဲကမှန်းတောင်မမှတ်မိတော့ ။
'' စောင့်နေတာကြာသွားလား . . ကျွန်တော်ဆရာ့ကိုစာနည်းနည်းမေးနေသေးလို့ . . ''
ကားကိုစက်နှိုးကာလမ်းမကြီးပေါ်ပြန်ကွေ့ထွက်ဖို့ လမ်းရှင်းမရှင်းကြည့်နေရင်း Sehun ခေါင်းခါပြမိသည် ။
'' မကြာသေးပါဘူး ရှိလှငါးမိနစ်လောက်ပေါ့ . .''
ကျောင်းပရိဝုဏ်ထဲကနေ ကားလမ်းမကိုထွက်ဖို့ ယာဉ်ကြောထဲအလိုက်သင့်ဝင်သွားအောင် အာရုံစိုက်နေရသည်မို့ စကားဆက်မပြောဖြစ် ။
.
.
.
.
ရှေ့မြင်ကွင်းကိုကြည့်နေရင်းမှ မျက်လွှာချကာတဖက်သို့ခပ်စွေစွေကြည့်မိသည် ။ စတီရာရင်ပေါ်တင်ထားသည့်လက်ချောင်းရှည်သွယ်သွယ်တွေရဲ့ အဆစ်နေရာလေးတွေကနီမြန်းနေကာ ။ ခေါက်ပင့်ထားသည့် အကျီ င်္လက်ရှည်အောက်မှပေါ်နေသည့် လက်ဖျံဖြူ နှစ်၏သွေးကြောရှိန်းရှိန်းများကို Luhan အမှတ်မဲ့မျက်လုံးစိုက်နေမိသည် ။//မင်းလူကြီးကိုဂျယ်လီနည်းနည်းကျွေးရအောင် //
စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ကိစ္စတစ်ခုကြောင့် Baekhyun ကတော့ Sehun ကိုအမြင်ကပ်မပြေနိုင်ကာ အမြဲတမ်းတခုခုကလိဖို့ကြံစည်နေတတ်မြဲထုံးစံအတိုင်း ဦးSehun ကားပေါ်ကလှမ်းကြည့်နေမှန်းသိသိနဲ့ကို Luhan ကိုပခုံးဖက်လိုက် နဖူးချင်းတိုက်တော့မလိုစကားပြောလိုက် ။
CZYTASZ
အချစ်၏နာမတော်အားဖြင့်||completed||
FanfictionHUN×HAN OTP ဖြစ်ပါတယ် တခြား RL များထဲသို့မထည့်ဖို့တောင်းဆိုပါတယ်