'' Yuri ကိုမယူနဲ့ဆိုမယူပါဘူးမေမေရယ် . . ဒီဟာလေးနဲ့တော့မယူပါရစေနဲ့ . . ''
သူ့ကိုလက်ထပ်ဖို့မေမေစီစဉ်တုန်းက ရယ်ကာမောကာသူပြောခဲ့တဲ့စကား . . ဒီစကားကြားတော့ မေမေက Sehun ကိုမျက်စောင်းထိုးခဲ့သည် ။
'' luhan ကဘာဖြစ်နေလို့လဲ . .''
'' ဟာ ကလေးလေးရှိသေးတာ မေမေကလဲ . . အခုခေတ်ကလေးတွေက ကဲကကဲနဲ့ထိန်းလို့နိုင်တာမဟုတ်ဘူး မေမေက ကျွန်တော့်ကိုကလေးထိန်းခိုင်းမလို့လား ကိုယ့်အလုပ်နဲ့ကိုယ်မှမအားတာကိုဗျာ ''
တကယ်ပဲ အဲ့ဒီအချိန်တုန်းကတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဆယ်ကျော်သက်ကလေးမှန်းသိသာစွာ ဖြူ စင်နုမျက်နေသောမျက်နှာလေးနဲ့ကောင်လေးကိုလက်ထပ်ယူရဖို့ သူအရမ်းကိုစိတ်ရှုပ်ခဲ့တာပါ
ချစ်ရတဲ့ မိန်းကလေးနဲ့လမ်းခွဲရတာ မပေါင်းဖက်နိုင်တာကိုခံစားရတာကတပိုင်းသက်သက် . .
Sehun ကအရွယ်မရောက်ခင်ထဲက စီးပွားရေးလောကထဲရောက်နေခဲ့သူ . . ကျောင်းတဖက်အလုပ်တစ်ဖက်နဲ့ပဲအားလပ်ချိန်ဆိုတာမျိုးပင်ခပ်ရှားရှားဖြစ်ခဲ့သည်မို့ ကျောင်းကိစ္စပြီးစီးလွတ်ကျွတ်တာနဲ့တပိုင်းတစပါဝင်နေပြီးသားဖြစ်သော လုပ်ငန်းတွေထဲတကိုယ်လုံးပစ်ဝင်နှစ်မြူပ်ပစ်လိုက်ရတော့ကာ အပေါင်းအသင်းဆိုတာလဲလုပ်ငန်း partner တွေလောက်သာရှိတော့သည် ။
ဆိုလိုချင်တာက Oh Sehun ဆိုသည့်လူသားမှာ ရင့်ကျက်မှုကအရွယ်ထက်ပိုပါသည် ။ တောင်တောင်အီအီတွေးချိန်မရအောင်များသည့်အလုပ်တွေကြားရှားရှားပါးပါးထားခဲ့ဖူးသည့်ချစ်သူတစ်ယောက်နဲ့လမ်းခွဲရသည့်အတွက်နာကျင်ပင်ပန်းရတာမှန်သော်လဲ ။
အသည်းကွဲရပါတယ်ဆိုပြီး တမှိုင်တွေတွေတခွေလျောင်းလျောင်းလုပ်နေဖို့အချိန်ကတော့လုံးလုံးလျားလျားကိုမရှိ ။ လက်တွေ့အလုပ်တွေကတောင်လိုပုံနေပါ၏ ။ လုပ်ချင်စိတ်လဲမရှိပါ ။
ဒီတော့ Yuri ဆိုသည့်မိန်းကလေးနဲ့လမ်းခွဲပါဆိုလို့ အိမ်နဲ့ဆန့်ကျင်ဆန္ဒပြသောင်းကျန်းပြီး အချစ်သာဘဝကြွေးကြော်ကာ အချစ်သူရဲကောင်းလုပ်ဖို့စိတ်ကူးဆိုပိုတောင်မရှိသေး ။ တသက်လုံးပေါင်းသင်းသွားရမည့် မိသားစုဝင်တစ်ယောက်ဖြစ်လာမည့်လူက နဂိုမိသားစုဝင်တွေနဲ့အဆင်မပြေရင် ဒီခရီးကဘယ်လိုမှရှေ့ဆက်ဖို့မလွယ်တာ Sehun သဘောပေါက်ပါသည် ။
YOU ARE READING
အချစ်၏နာမတော်အားဖြင့်||completed||
FanfictionHUN×HAN OTP ဖြစ်ပါတယ် တခြား RL များထဲသို့မထည့်ဖို့တောင်းဆိုပါတယ်