အခန္း (၁၅)

5.3K 771 146
                                    

လူတစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံကြမည် ။ မတော်တဆလည်းဖြစ်ချင်ဖြစ်မည် ။ တသက်လုံးခင်မင်ရင်းနှီးတွေ့ဆုံလာသူတွေလည်းဖြစ်ချင်ဖြစ်မည် ။ ကျောင်းတက်ရင်းသူငယ်ချင်းဖြစ်ကြတာလည်းဖြစ်ချင်ဖြစ်မည် ။

အဓိကကတော့ လူနှစ်ယောက်ဆုံဖြစ်ဖို့ပါပဲ ။ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖြစ်မှသာ ။ ဒီလောကကြီးမှာ တစ်ယောက်အသက်ရှင်နေထိုင်နေမှန်း ကျန်တစ်ယောက်ကသိနိုင်မှသာ လူနှစ်ယောက်ဆုံဖြစ်ဖို့ဖြစ်နိုင်တော့မည် ။ ဆုံဖြစ်မှသာလည်း . . အချစ်တစ်ခုဖြစ်ထွန်းပေါ်ပေါက်ဖို့ဖြစ်နိုင်တော့မည်ပေါ့ ။

ကိုယ်တို့နှစ်ယောက်ကတော့ တစ်ယောက်ရှိနေမှန်းတစ်ယောက်ကမသိခဲ့မိကြ ။ သိဖို့လည်းအခွင့်မသာ ။ ဒါပေမယ့် ဆုံဖို့ရေစက်ကရှိကိုရှိနေလေတော့ ။ တစ်မိုးအောက်ထဲမှာ တူညီတဲ့လေထုကိုရှုရှိုက်ကာ မိုးလင်းတိုင်းမနက်စာအတူစား၍ မိုးချုပ်သည်အထိ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ခွင့်ရသော ဘဝကိုရောက်ရသည် ။

ဒါပေမယ့်လည်း . . .

'' စောစောကပြန်တွေ့ခဲ့ကြပါတော့လား မေမေတို့ရယ် ''

အရင်တုန်းကတော့ မေမေကမေမေ့သူငယ်ချင်းကိုချစ်တာနဲ့သားကလည်းသူ့သားကိုချစ်ရတော့မှာလားဟု ငြီးတွားချင်ခဲ့ဖူးပေမယ့် အခုတော့ Sehun ဒီလိုပဲငြီးတွားချင်မိတော့သည် ။

ဟုတ်တယ် . . စောစောကတွေ့ခဲ့ကြပါတော့ . . စောစောဆိုမှ ကိုယ်မွေးပြီး Luhan လေးဗိုက်ထဲမှာရှိနေချိန်ကတည်းကတွေ့ . . ဒီအကောင်ကလေးဗိုက်ထဲမှာတဖြည်းဖြည်းကြီးလာတာကိုကော ဗိုက်ထဲကထွက်လာတာကိုကော မူကြိုတက်တာကိုကော . . အလယ်တန်းအထက်တန်းတွေရောက်တာကိုကော ကိုယ်ဟာတစိမ့်စိမ့်ထိုင်ကြည့် နည်းနည်းချင်းနည်းနည်းချင်း သံယောဇဉ်တွေတွယ် အချစ်တွေတည်ဆောက်ပြီး Han ကလေးအချစ်တွေဘာတွေမသိခင် ရည်းစားတွေဘာတွေမထားတတ်သေးခင် မိဘတွေကိုပူဆာ ခပ်မြန်မြန်သိမ်းပိုက်ပြီးလက်ထပ် . .

ဒါဆိုရင် အားလုံးဟာအဆင်ပြေချောမွေ့အေးချမ်းပြီး ကိုယ်ဟာလဲလောကမှာအပျော်ဆုံးလူသားဖြစ်နေရတော့မှာကို . .

အချစ်၏နာမတော်အားဖြင့်||completed||Nơi câu chuyện tồn tại. Hãy khám phá bây giờ