အခန်း (၁၀)

6.5K 858 93
                                    

လူကရင်ဘတ်ထဲမှာ ဟာ နေသည် ။ ရင်ဘတ်ထဲမှာရှိသင့်သည့် နှလုံးနှင့်အခြားသောပစ္စည်းပစ္စယတွေသူ့နေရာနှင့်သူအပြည့်အစုံရှိနေပါလျက် ။

တစုံတရာလျော့ပါးပျောက်ဆုံးနေသလို . . လစ်ဟာနေရတော့သည် ။

Luhan အိမ်မှာမရှိဘူးလေ . . .

အတူတူရှိနေချိန်မှာလည်းတချိန်လုံးတပူးတွဲတွဲနေနေကြတာတော့မဟုတ်သလို Luhan ကလည်းတအိမ်လုံးညံစီစာလွင်အောင် စကားတတွတ်တွတ်ပြောတတ်သူမဟုတ် ။ သူ့ဟာသူ TV ကြည့်ချင်ကြည့်နေမည် ။ အခန်းထဲမှာငြိမ်ချင်ငြိမ်နေမည် ။ ခြံထဲဆင်းချင်ဆင်းနေမည် ။

ဒါပေမယ့်လည်းအတူရှိနေတယ်ဆိုတဲ့အသိတစ်ခုက ဘယ်လောက်အထိစိတ်လုံခြုံစေတယ်ဆိုတာကို တိတ်ဆိတ်ငြိမ်သက်လှုပ်ရှားမှုကင်းမဲ့နေသည့်အိမ်ထဲ ကိုယ်တစ်ယောက်ထဲမနေတတ်မထိုင်တတ်ဖြစ်နေမှသာသဘောပေါက်မိရတော့သည် ။

ပို့ပြီးတဲ့ညနေမှာထဲက လူကနေမရ ။ ဘာကိုခုခံနေမှန်းမသိပဲ ဘာကိုမှလုပ်မရကိုင်မရအာရုံစိုက်မရချင် ။ ဘာမှမလုပ်ရရင်ညအိပ်မပျော်မှာသေချာတာမို့ အိမ်ကထွက် ။ Luhan ရှိနေသည့်အိမ်ရှေ့ကိုသွား ကြံရာမရကားနှင့်နှစ်ပတ်သုံးပတ်ပတ်မောင်းနေခဲ့မိပြီးမှ အရဲကိုးကာမုန့်ပို့သည်အကြောင်းပြချက်ဖြင့် Luhan မျက်နှာကိုဝင်ကြည့်ဖြစ်ခဲ့သေးသည် ။

တညလုံးတလူးလူးတလိမ့်လိမ့် ။ မနက်ကျရင် Luhan ကိုသွားကြိုရမလား . . သူ့ဟာသူပြန်လာမယ်လို့ပြောသွားတယ်လေ . . ဒါပေမယ့်လည်းသွားကြိုရင်တော့ စိတ်မဆိုးလောက်ပါဘူး မဟုတ်လား . . ပြောလို့တော့မရ . . Luhan ဆိုတဲ့ကောင်လေးက တခါတလေခန့်မှန်းရခက်လှသည် ။ အစထဲက ညမအိပ်နဲ့ ဘယ်လောက်ညနက်နက် ကားငှားမရရင်ပြန်လာကြိုမယ်လို့ပြောခဲ့သင့်တာများလား ။

ညကလည်းကောင်းကောင်းအိပ်မပျော်ပဲ မနက်ကျတော့လည်းအစောကြီးနိုးနေပြန်ပါသည် ။ ထလာပြီးတော့လည်းဘာလုပ်ရမှန်းမသိ တစ်အိမ်လုံးတစ်ခန်းဝင်တစ်ခန်းထွက်လမ်းလျောက်ကာ ယောင်လည်လည် ။ ပိတ်ရက်ဖြစ်နေတော့အလုပ်လည်းသွားစရာမလို ။

ထမင်းစားခန်းထဲဝင်ကာကော်ဖီတစ်ခွက်ဖျော်သည် ။ ပေါင်မုန့်တစ်ချပ်ကိုက်ကာ ဧည့်ခန်းမှာထိုင်သည် ။ TV ကိုဖွင့်ပြီးအသံဗလံနည်းနည်းကြားရတော့စိတ်သက်သာသလိုလို ။

အချစ်၏နာမတော်အားဖြင့်||completed||Tahanan ng mga kuwento. Tumuklas ngayon