မယုံလို့မဟုတ်ရပါဘူး . . .
စိတ်ချမ်းသာအောင်ထားမယ်ဆိုတဲ့ကတိကိုတည်မယ့်လူ. .
တာဝန်ယူနိုင်လို့ရွေးချယ်ခဲ့တဲ့လမ်းပါဆိုတဲ့စကားကို စောင့်ထိန်းမယ့်လူ . .
အဲ့ဒါတွေထက်ပိုလို့ ချစ်လိုက်တာ ဆိုတဲ့စကားကို စိတ်ရင်းမပါပဲမဆိုမယ့်လူလို့ ယုံပါတယ် . . .
ရာနှုန်းပြည့်ဆိုတာထက်ပိုလို့ရရင် ပိုလို့ရသလောက်အတိုင်းအတာထိကိုအကြွင်းမဲ့ယုံပါရဲ့ . . ဒါပေမယ့် အဲ့ဒီယုံကြည်ခြင်းဟာ ဦးSehun ကိုမို့သာဖြစ်ပြီး တခြားတပါးသော တစ်ဖက်ခြမ်းကတစုံတယောက်အပေါ်တော့နည်းနည်းမှကိုမသက်ရောက်ပါဘူးလို့ဝန်ခံပါရစေရဲ့ . .
အဲ့ဒီတစုံတယောက်သောသူကိုတော့နည်းနည်းမှကိုမယုံ ။ တစိုးတစိစာလေးမျှတောင်မယုံပါ ။ မယုံကြည်ခြင်းကဘယ်ကပေါက်ဖွားသလဲဆိုရင် ထပ်တူကိုယ်ချင်းစာခြင်းကနေစတင်ပါရဲ့ . .
ကိုယ်နဲ့နှိုင်းမရိုင်းတဲ့ . . . လူတိုင်းဟာ တစုံတခုသောအကြောင်းအရာကိုဆုံးဖြတ်ဖို့အတွက် ငါသာဆိုရင်ဆိုတဲ့အတွေးကိုအရင်တွေးပါတယ် . . .
သူကောင်းမျက်စိကသူကောင်းကိုမြင်ပြီး သူခိုးမျက်စိကသူခိုးကိုမြင်ဆိုသလို . .
ကိုယ်တောင်မှ ကိုယ့်အပေါ်တာဝန်ဝတ္တရားတစ်ခုထက်မပိုပါဘူးလို့ဆိုခဲ့တဲ့သူ့ကို အရုးအမူးနင့်သည်းနေအောင်ချစ်ခဲ့မိသေးတာလေ . .
သူ့နေရာမှာငါသာဆိုရင် . . လို့ . . တွေးလိုက်မိတဲ့အခါ . .
Lee Yuri ဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ . . ဦးSehun မျက်စိရှေ့မှောက်ကိုနောက်တစ်ခေါက်ပြန်ပေါ်မလာတော့ပါဘူးလို့မယုံကြည်နိုင် . . လက်လျော့စွန့်လွှတ်ပေးလိုက်ပြီလို့မယုံကြည်နိုင် . . ကိုယ်နဲ့သူ့အကြားနောက်ထပ်ဆူးညှောင့်ခလုတ်တွေ ကျဲဖြန့်ခင်းကျင်းမပေးတော့ပါဘူးလို့မယုံကြည်နိုင် . . .
Yuri က Sehun အချစ်ကိုပိုင်ဆိုင်ဖူးပါသည် ။ အခုအချိန်မှာ မသက်ဆိုင်တော့ရင်တောင် တချိန်ကတော့ Oh Sehun ရဲ့အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်ခဲ့ဖူးတာပဲမဟုတ်လား ။ နှစ်ယောက်ကြားမှာ ဘေးလူမသိနိုင်သည့်နှောင်ဖွဲ့ကြိုးတွေကျန်နေခဲ့ဖူးပါလိမ့်မည် ။
YOU ARE READING
အချစ်၏နာမတော်အားဖြင့်||completed||
FanfictionHUN×HAN OTP ဖြစ်ပါတယ် တခြား RL များထဲသို့မထည့်ဖို့တောင်းဆိုပါတယ်