'' မေမေ့ကိုဖုန်းဆက်ပေး . . Luhan နေမကောင်းလို့အိမ်ပြန်လာပို့ထားမယ်လို့ . . ''
ရယ်ချင်သည် ။ ပြီးတော့စိတ်ညစ်သည် ။ တောင်းဆိုတဲ့စကားကိုပဲကြည့် ။ နေမကောင်းလို့အိမ်ပြန်ပို့ထားမယ်ဆိုတော့ . . Sehun ကပဲ သူ့ကိုနေမကောင်းချိန်လေးတောင်ဂရုစိုက်ကြည့်မပေးချင်လို့တော်ရာရော်ရာသွားချောင်ထိုးပို့ပစ်ထားတဲ့သဘော ။
ဒီစကားကို Sehun ကယောက္ခမဆီဘယ်လိုမျက်နှာနဲ့ပြန်ပြောရမှာတဲ့လဲလေ ။
တစ်ဖက်ကကားထိုင်ခုံမှာအဝတ်စုတ်လေးပစ်ပုံချထားသလိုပျော့အိခွေခေါက်ကာပါလာသည့် Luhan ကိုမျက်လုံးစွေကာခိုးကြည့်မိသည် ။
'' သက်တောင့်သက်သာလေးနောက်ခန်းကထိုင်ပါလား အိတ်ကိုအရှေ့ပို့လိုက်လေ . . ''
ခပ်ငွေ့ငွေ့ပူနွေးနေကာအဖျားရှိန်မသေသေးသော ခန္ဓာကိုယ်ကိုကားထဲတွဲပို့ရင်းဆိုမိခဲ့တော့ . .
'' ရှေ့ကပဲထိုင်မယ် . . နောက်ခန်းကမိန့်မိန့်ကြီးမလိုက်ချင်ဘူး ဦးSehun က ဒရိုင်ဘာမှမဟုတ်တာ '' တဲ့ . . ခေါင်းမာရင်းအရှေ့ခန်းကိုသာရအောင်တက်သွားပြီးကုပ်ကပ်ထိုင်နေခဲ့တာ . .
စိတ်ဆိုးပြီးအိမ်ပြန်ပါမယ်ဆိုတဲ့အခြေအနေမှာတောင် ကိုယ့်အတွက်စဉ်းစားပေးနေသေးသောစိတ်ကလေးကို မမြတ်နိုးပဲမနေနိုင် ။ အမေအိမ်ကို Sehun ကပြန်ခိုင်းတာပါလို့ခေါင်းခံခိုင်းတာကတော့တစ်ပိုင်းပေါ့လေ ။ ဒါကိုပဲကလေးဆန်ဆန်အနိုင်ကျင့်သည်ဟု ယူဆလိုက်မိတော့ ချစ်စရာကောင်းနေပြန်သည် ။
ချစ်မိပြီဆိုမှတော့ဖြင့် သူ့ဘာသာသူပုံမှန်အတိုင်းအသက်ရှုရှင်သန်နေတာလေးကတောင် မြတ်နိုးချင်ဖွယ်ကောင်းနေတော့တာမျိုး ။
ချစ်သည် ။ပြီးတော့. . .သနားသည် ။
Han ကလေးဟာသူ့ဟာသူသာဆိုရင် ဘယ်သူ့ဆီမှာမှအစော်ကားခံအထိပါးခံရမည့် ဘဝအခြေအနေမျိုးမဟုတ်ခဲ့ပါဘူးလေ ။ အမြင့်တစ်နေရာမှာ သီးသန့်အထွတ်အမြတ်ထားခံနေရသည့် လူတန်းစားထဲက ။
အမြှီးကျက်အမြှီးစားခေါင်းကျက်ခေါင်းစားဟူသော စိတ်ဓာတ်တွေ ။ ကိုယ်မရနိုင်တာကိုသူများလဲစိတ်ချမ်းချမ်းသာသာမပိုင်ရစေတော့ဟူသောနိမ့်ကျသည့်အပြုအမူတွေကို နားလည်နိုင်ဖို့ဝေး ။ အဲ့ဒီလိုလူတန်းစားတွေရှိနေပါလားဟုပင်မသိနိုင်သော သန့်စင်သည့်တည်ရှိမှုမျိုးဖြင့်ရှင်သန်နေခဲ့သည့်လူလေ ။
YOU ARE READING
အချစ်၏နာမတော်အားဖြင့်||completed||
FanfictionHUN×HAN OTP ဖြစ်ပါတယ် တခြား RL များထဲသို့မထည့်ဖို့တောင်းဆိုပါတယ်