ခွဲစိတ်ဒဏ်ရာအနာမြန်မြန်ကျက်စေရန်ဟု မေမေ့အတွက်သီးသန့်စပ်ပေးထားရသည့် တိုင်းရင်းဆေးအသစ်တစ်ထုပ်ကိုဖောက်သည် ။ ဖန်ခွက်ထဲမှာထည့်သည် ။ ဖန်ခွက်ကိုသူသယ်သွားပါမည်ဟု ဂျီကျနေသော Jongdae ခေါင်းကိုတစ်ချက်ပုတ်ကာ အောက်ခံဗန်းတစ်ခုနှင့်ဆေးကိုသယ်ပြီး မေမေ့အခန်းကိုဝင်လာခဲ့သည် ။
ကုတင်ဘေးနားက စားပွဲပုမှာဗန်းကိုချ ခုံလွတ်မှာဖြည်းဖြည်းဝင်ထိုင်တော့အသံကြောင့်မေမေက မျက်လုံးဖွင့်ကြည့်သည် ။
'' နိုးသွားလားမေမေ ''
'' မအိပ်နေပါဘူး . . Jongin တို့ကော . . ''
'' ထမင်းစားခန်းထဲမှာ စားပြီးရင်ကျောင်းပို့တော့မလို့ ''
ခေါင်းညိတ်သည် ။ အနည်းငယ်ပိန်ကျသွားသော မေမေ့မျက်နှာကို Luhan ငြိမ်ငြိမ်လေးထိုင်ငေးကြည့်နေမိသည် ။
အဖိုးတန်လိုက်တာလေ ။ အိပ်ယာထဲမှာပဲလှဲနေရတယ်ဆိုတာတောင် မေမေရှိနေသေးတယ်ဆိုတဲ့အသိ မေမေ့ရဲ့စီမံညွှန်ကြားဆုံးမတာတွေကိုနာခံနိုင်သေးတယ်ဆိုတဲ့အသိနဲ့တင် ဘယ်လောက်အထိစိတ်လုံခြုံစေပြီးမှီခိုရာ ကိုးကွယ်ရာရတယ်ဆိုတာ ပြောတောင်မပြတတ် ။
မေမေသာတခုခုဆို ကိုယ်တွေဟာအရိပ်ပျောက်တဲ့ ကွင်းဗလာထီးထီးက ရေနည်းငါးလိုအကောင်လေးတွေဖြစ်ရတော့မှာပင် ။ နေပူပြင်ခေါင်ခေါင်ထဲ အသက်ရှုပေါက်မရှိပဲ သေရုံသာကျန်တော့မယ့်အကောင်လေးတွေ ။
'' သားကော ''
'' ဗျာ . . ''
အတွေးလွန်နေသဖြင့် ဘာပြောသည်ကိုမကြား။ မျက်တောင်ပုတ်ခတ်ခတ်ဖြင့်မေမေ့ကိုပြန်ကြည့်မိသည် ။
'' အိမ်မပြန်သေးဘူးလား . . ''
'' မေမေက အခုမှနာလန်ထစကို မပြန်ချင်သေးပါဘူး ''
'' နာလန်တောင်ထနေပြီလေ . . အိမ်မှာလည်းအဖော်တွေများလွန်းလို့မျက်စိတောင်နောက်နေရတာ . . အလုပ်ထဲက ကလေးတွေကော ငှားထားတဲ့ nurse ကော Sehun တို့အိမ်ကပို့ထားပေးတဲ့အကူတွေကော . . သားလုပ်စရာအလုပ်တောင်မရှိတော့ဘူး . . ပြန်တော့ . . ''
''မေမေကလဲ . . ''
လေသံပျော့လေးဖြင့်အတွန့်တက်ဖို့ကြိုးစားမိသေး၏ ။
ŞİMDİ OKUDUĞUN
အချစ်၏နာမတော်အားဖြင့်||completed||
Hayran KurguHUN×HAN OTP ဖြစ်ပါတယ် တခြား RL များထဲသို့မထည့်ဖို့တောင်းဆိုပါတယ်