အခန်း (၁၈)

6.1K 778 225
                                    

Hanကလေးဘယ်ရောက်သွားပြန်ပါလိမ့် . .

ချစ်မိပြီဆိုတော့လည်း အချိန်တိုင်းမြင်နေချင်ပါ၏ ။ တစ်အိမ်ထဲမှာရှိနေရသည်ဆိုသည့်အသိနှင့်မလုံလောက်ချင်တော့ ။ မျက်နှာမမြင်ရရင်တောင်အရိပ်လေးပဲဖြစ်ဖြစ် ရိုးရိုးရိပ်ရိပ်မြင်နေချင်သည် ။အသံလေးလောက်ပဲဖြစ်ဖြစ်ကြားနေချင်သည် ။

အခုအချိန်မှာတော့ ဒီအိမ်ကြီးကနှစ်ယောက်ထဲရှိသောမိသားစုအတွက်သိပ်ကြီးလွန်းနေတော့သည် ။ အခန်းတွေအများကြီးပါတာကလဲအဆင်မပြေ ။ တစ်ယောက်ကများအခန်းတစ်ခန်းထဲဝင်နေရင်ကျန်တစ်ယောက်ကလိုက်ရှာပါလေတော့ ။ ဘယ်ထဲဝင်လို့ဘယ်မှာပျောက်နေမှန်းမသိ ။

ဖြစ်နိုင်ရင် ရှိသမျှအခန်းတွေ နံရံတွေအကုန်ဖြိုပြီး Hall ခန်းကြီးဖြစ်အောင်ပြင်ပစ်ချင်၏ ။ အိမ်ကျဉ်းကလေးဖြစ်အောင်ချုံ့ပစ်ချင်သည် ။ ဒါမှ ကိုယ်ဘယ်ရောက်နေနေ သူဘယ်ရောက်နေနေ အသာလေးလှမ်းမြင်ရ ဝေးနေရင်တောင်စကားလှမ်းအော်ပြောလို့ရသေးသည် ။

ဒါတောင်ရေချိုးခန်းထဲဝင်နေရင် ပျောက်နေဦးမယ် ။ သန့်စင်ခန်းရေချိုးခန်းကိုပါ မှန်နံရံတွေနဲ့လုပ်ထား ။ ဒါဆိုဘယ်ပဲရောက်နေနေမြင်ရရော ။

'' ဟက် . . ''

အရူးနဲ့တူသောကိုယ့်အတွေးကိုယ် Sehun ရယ်မိသည် ။ အလုပ်ကပြန်လာ ထမင်းအတူတူစားကြ ။ ပြီးတာနဲ့ဘယ်ပျောက်သွားမှန်းမသိတဲ့ Han ကလေးကိုတစ်အိမ်လုံးအနှံ့လိုက်ရှာရပြီးကတည်းက ခေါင်းထဲကိုပေါက်ကရအတွေးတွေဝင်နေတော့သည် ။

'' ဘာလဲ ဦးSehun ရဲ့ . . ''

အခုလဲပျောက်နေပြန်ပြီလေ ။ တစ်အိမ်လုံးပတ်ရှာတော့ဖို့ခြေလှမ်းပြင်သည့် Sehun ရှေ့ကိုခြံထဲကပြန်တက်လာပုံရသည့် Luhan ရောက်လာသဖြင့် လက်ကိုပြေးဆွဲတော့ ဘုမသိဘမသိဟန်ဖြင့် ပါလာသည် ။

ဧည့်ခန်းဆိုဖာတွေဆီကိုဆွဲခေါ်သွားသည် ။ ဆိုဖာတစ်ခုထက်မှာ ပခုံးကိုဖိချလျက်ထိုင်စေ၏ ။ Luhan ကတော့မျက်လုံးပြူးလေးနဲ့သူ့ကိုမော့ကြည့်ဆဲ ။

'' ဒီမှာထိုင်နေ ဘယ်မှမသွားနဲ့ . . လိုချင်တာရှိရင်ကိုယ့်ကိုပြော ကိုယ်အကုန်လုပ်ပေးမယ် ထသာထွက်မသွားနဲ့''

အချစ်၏နာမတော်အားဖြင့်||completed||Donde viven las historias. Descúbrelo ahora